အခန်း(၂၅)

5.5K 231 2
                                    

"ဂရုစိုက်ပြီးပြန်ကြပါဗျ ကျွန်တော်တို့ရွာကိုလဲနောက်တစ်ခေါက်လာလည်ပါဉီး"

"အေးပါကွယ် နောက်မှပေါ့"

"သူ့ထက်သာဒါဆိုငါသွားပြီနော်မင်းလည်းအားရင်ဟိုကောင်တွေဆီသွားလည်ဉီး
ပြီးတော့ငါဆီလဲစာပို့ဦးနော်"

"အင်းပါနောက်အားရင်မင်းတို့ဆီလာခဲ့ဦးမယ် ဂရုစိုက်ကြဉီးနော်"

"ကဲသူငယ်ချင်းနှစ်ယောက်အလွမ်းသယ်မနေနဲ့တော့သားသူ့ထက်သာအဘွားတို့ပြန်ပြီ
ကိုယ့်ယောကျာ်းကိုလည်းဂရုစိုက်ဦးကိုယ်ကိုအိမ်ထောင်သယ်ဖြစ်သွားပြီဆိုတော့ကလေးဆန်နေလို့ဖြစ်တော့ဘူး အရင်ရက်ကအဘွားပြောတာတွေမှတ်ထားနော်"

နေခဲ့တဲ့နှစ်ရက်အတွင်းကောင်းခအဘွားနှင့်တော်တော်လေးစကားပြောခဲ့ကြပြီးလင်ယောကျာ်အပေါ်ကိုဘယ်လိုဆက်ဆံရမလဲအလိုက်သိရမလဲစသဖြင့်သူ့ထက်သာအားနားချခဲ့သည်။သူ့ထက်သာကောင်းခတို့ထွက်သွားတာနဲ့အိမ်ထဲသို့​အမြန်ဆုံးခြေလှမ်းဖြင့်ဝင်ဖို့ပြန်သည်။သူလင်းညို့နဲ့မျက်နှာချင်းမဆိုင်ရဲပါ။မနက်အိပ်ရာနိုးတော့လည်းသူ့တိုနှစ်ယောက်စလုံးတစ်ယောက်ကိုတစ်ယောက်စကားမဆိုအဲ့လူလည်းသူ့လိုပဲရှက်နေတာနေမယ်..

"သူ့ထက်သာ...ကိုကိုကြီးကိုစိတ်ဆိုးနေတာလား စကားလည်းမပြောဘူးမနက်မိုးလင်းခြောက်ချက်ခွဲတည်းက အစောကြီးလည်းထားသွားတယ်ကြည့်တောင်မကြည့်ဘူး"

သူ့ထက်သာထိုင်နေသောခုံနားထိရောက်လာကာစကားဆိုလာသည်။

"ပြောဆို.. တစ်ခုခုတော့ပြန်ပြောဦးမှပေါ့ကွာ
ဘာမှပြန်မပြောတော့နေလို့မကောင်းဘူးကွ"

"ဟို...ဟို.ကျွန်တော်ရှက်လို့မပြောတာပေါ့ဘာလို့အတင်းလိုက်​မေးနေတာလည်းထမင်းလဲစားလို့မရတော့ဘူးနှုတ်ခမ်းမလှုပ်ချင်ဘူးနာနေလိို့ရေတောင်သောက်လို့မရဘူးသိလားခင်ဗျားအဲ့တာတွေ"

"ပြီးရင်ကိုကိုကြီးဆေးသွားဝယ်ပေးပါမယ်
ပြီးတော့တောင်းပန်ပါတယ်ညတုန်းကစိတ်တွေဘယ်လိုဖြစ်သွားမှန်းမသိဘူး"

"ခင်ဗျားမဟုတ်မှ....ကျွန်တော့်ကိုကြိုက်နေတာလားပြောစမ်း"

လင်းညို့ကြောင်တောင်တောင်ဖြစ်သွားရသည်မှာအမှန်သူ့တကယ်ဒီကောင်လေးကြိုက်နေတာလားသူ့မှာအဖြေမရှိပါ
ဒီကောင်လေးကိုမြင်ရင်စိတ်တွေကထွေပြားလှသည်သူ့ထက်သာအားအခြား
ယောကျာ်းသို့မဟုတ်မိန်းမနဲ့တွေ့လိုက်သည်ဖြစ်စေဒေါသထွက်သည်။နေလို့ထိုင်လို့မရ
ထို့ကောင်လေးအားဖက်ချင်သည်သူ့ဆီကဂရုစိုက်မှုတွေလိုချင်သည်။ချွဲတာခံချင်သည်။ဒါတွေဟာအချစ်လားလင်းညို့မသိတစ်ခုခုတော့လုပ်ဖို့လိုနေသည်။
အရှေ့ကကောင်လေးကသူ့အားတရားခံစစ်သလိုအကြည့်ဖြင့််ကြည့်နေသည်။

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now