အခန်း(၂၄)

5.4K 227 0
                                    

"နည်းနည်းတော့ ဆိုးပေမယ့်စကားတော့နားထောင်ပါတယ် အမေ"

အမေဟုခေါ်သံကြောင့်မျက်လုံးပြူးသွားရသည့်သူ့ကသူ့ထက်သာပင်အမေကတော့ပြုံးလို့ရွှင်လို့

"သားကပဲနားလည်ပေးနော် "

"ထော်လာဂျီကိုဘာလို့အကြမ်းပတမ်းမောင်းလာတာလည်းသားလင်းညို့"

"အော်အဲ့ဒါက"

လင်းညို့အကြံအိုက်သွားရသော်လည်း..

"ကျွန်တော့ထော်လာဂျီက ​ဖြေးဖြေးမောင်းရင်စက်ရပ်သွားရောဗျာ့ အန္တာရယ်လဲများတယ်လေအဲ့လိုမောင်းမှချောမွေ့လို့လေ"

"ဟယ်ဟုတ်လား အမေလည်းထင်ပါတယ်သားကအကြောင်းကြီးတော့ဒီလိုမမောင်းလောက်ဖူးလို့ ဂရုစိုက်ပါဉီးကွယ်"

"နောက်ရက်ခေါက်ကျရင်ကျွန်တော်မော်တော်ဆိုင်ကယ်ဝယ်ဖို့စီစဉ်ထားပါတယ်
အဲ့ခါကျအဆင်ပြေသွားပါလိမ့်မယ်ဗျာ့"

"အို.. ကောင်းတာပေါ့ကွယ်သားတို့အဆင်ပြေပြေရှိတာပေါ့"

"ဟွန့်...အမေတို့များကိုယ့်သားလေးဘာဖြစ်နေမှန်းကျမသိဘူးသူနဲ့ပဲစကားပြောနေတယ်"

"ဟယ့် .. နင်ကဘာဖြစ်လို့တုန်း"

"ဒီမှာလေ ဒီမှာကြည့်"

လက်ရှည်အကျီင်ကိုဆွဲတင်ကာမြောက်ပြလိုက်တော့

"ဘာဖြစ်တာလဲ ဘာတွေလျှောက်လုပ်ထားပြီးဖြစ်လာတာလဲသူ့ထက်သာ"

"အော်အမေသူ့ထက်သာကလက်ကိုက်နေတာ သားတောင်ပတ်တီးနဲ့စီးပေးလိုက်သေးတယ်အစကပုဆိုးအစုတ်ကြီးနဲ့စီးထားလို့ဆေးလဲလိမ်းထားပါတယ်"

သူ့ထက်သာလက်ဖျားလက်ဖျားတွေတောင်အေးစက်ကုန်သည်ဒီအခြေအနေကဘယ်လိုကြီးလည်းကိုယ့်ကအမေဆီကချွဲပြီးမုန့်ဖိုးတောင်ချင်တဲ့စိတ်ကလောနေသဖြင့်
ယောင်ယမ်းပြီးပြလိုက်တာဟိုလူစီးပေးထားသည်ပုဆိုး
ကကောင်းခအဘွားကဖြည်ခိုင်းလို့သာလုပ်လိုက်ရတာသူ့ထက်သာစိတ်ထဲမကောင်းလှလင်းညို့မျက်နှာကတော့အစောပိုင်းကသာသာယာယာဖြစ်နေပေမယ့်အခုတော့တည်တန်းနေလျက်

"အော်ဒီတိုင်းလက်ကိုက်တာဆိုပြီးရောအပြန်ကျအမေဆေးပေးလိုက်မယ်လိမ်းလိုက်"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now