အခန်း(၂၇)

5.3K 194 0
                                    

"ခင်ဗျားကိုကျွန်တော်ပြောထားတယ်နော််လူကြားထဲမှာမခေါ်နဲ့ဆိုနားမလည်တာလား"

"ဘာလို့လဲခေါ်မှာပဲ..ကိုယ်ပါးစပ်ကိုခေါ်တာပဲဟာဘယ်သူ့ကိုသံတော်ဦးတင်ရဦးမှာလဲ
လိုအပ်သလား"

သူ့ထက်သာရှက်လွန်းလို့သေချင်တော့ပါတယ်ဒီလူဟာအရှက်မရှိလူကြားထဲမရှောင်
ကလေးလေး..ကလေးလေး နှင့်ခေါ်သည်။
လူတွေရှေ့ဆိုပိုကဲသည်။

"တော်ပြီမပြောတော့ဘူး..ကျွန်တော်စကားဆိုဘယ်သောအခါမှနားမထောင်ဘူးလုပ်ချင်ရာလုပ်တယ်ပြောချင်ရာပြောနဲ့"

သူ့ထက်သာပြောပြီးတာနဲ့မျက်နှာအားတစ်ဖက်မူကာစိတ်ဆိုးဟန်ပြလိုက်တော့

"ဒါဖြင့်လဲကြိုတောင်းပန်ထားမယ်ကိုကိုကြီးကခေါ်ချင်လို့ခေါ်တာမှမဟုတ်ဘဲပါးစပ်သူ့အလိုလိုထွက်ကျလာတာမို့မတတ်နိုင်ဘူး"

"သဘော...လုပ်ချင်သလိုလုပ်ကျွန်တော်အနောက်မှာဒေါ်လေးဟင်းချက်တာသွားကူဦးမယ်"

သူ့ထက်သာထရန်ပြင်တော့သူကခါးကိုဖက်ထားကာမသွားရန်သဘောဆောင်သည်။

"မသွားရဘူး..လက်တွေဘာတွေထိခိုက်ကုန်မယ်စိတ်မချဘူးကွာယောကျာ်းနား
လည်းနေပါဦးတစ်ခါတလေဟာကိုနောက်ဆိုအလုပ်ကရှုပ်တော့မှာတန်ခူးလမို့သကြ်န်ကလာတော့မှာရွာထဲကကလေးတွေအတွက်ရေပက်ပွဲတွေစီစဉ်ပေးရမယ်..အိမ်ကိုသိပ်ကပ်ရမှာမဟုတ်တော့ဘူး"

ပလီပလာပြောသည့်သူ၏စကားကိုအထာနပ်နေပြီဖြစ်တဲ့သူ့ထက်သာမှာ

"ခင်ဗျားအရင်တစ်ပတ်ထဲကဒီစကားပြောတာနေ့တိုင်းပဲအခြားစကားရှာတော့ဖယ်ပေး"

"ဟုတ်လားမေ့သွားပြီကွာကလေးသွားတော့ကိုယ်တစ်ယောက်ထဲဖြစ်သွားပြီတစ်ယောက်ထဲမနေချင်ဘူးအထီးကျန်တယ်"

"ဟင်း...ကိုကိုကြီးကလိမ်မာပါတယ်ကျွန်တော်ပြောတာနားထောင်နော်ဒေါ်လေးတစ်ယောက်ထဲလေကျွန်တော်သွားကူပြီးစကားလေးဘာလေးလည်းပြောပေးမလို့နော်"

မိမိဗိုကျကိုမှိီထားသောခေါငျးအားပုတျပွီးပွောလိုကျတော့ခေါငျးညိမျ့ပွသညျ။

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now