အခန်း(၅)

6.6K 283 3
                                    

*ထိုဇာတ်လမ်းတွင်ပါဝင်သောအကြောင်း
အရာများမည်သည့်တစ်ဦးတစ်ယောက်ဆီကမှကူးယူခြင်းမရှိပါ။စာရေးသူအနေနဲ့စိတ်ကူး
ယဥ်သက်သက်သာပုံဖော်ထားခြင်းဖြစ်သည်။*

[၅]

အိမ်ပြန်ရောက်တာနဲ့သူ့ထက်သာ အပေါ်သို့ခြေသံဖွဖွဖြင့် နင်းကာမမအခန်းထဲဝင်နေလိုက်တယ်အိပ်ရင်ကောင်းမလားဟုတွေးမိသော်လည်းမနက်မနိုးရင်ကပြဿနာ
တစ်ညလုံးထိုင်နေရမလား
.
.
.
.
.
.
.
ဒေါ်စိန်ကြည် တစ်ယောက်မနက်၄နာရီခွဲလောက်မှာနိုးလာသည်။
ထို့နောက်ယောကျာက်းဖြစ်သူကိုနိုးကာ နွားတွေကိုအစာကျွေးခိုင်းလိုက်သည်။ သူလည်းထမင်းဟင်းချက်ကာ ရေနွေးအိုးတည်ကာအလုပ်ရှုပ်နေစဉ်

"ဒေါ်ကြီးရေ... ဒေါ်ကြီး "

အိမ်ရှေ့ကခေါ်သံကြောင့်ထွက်ကြည့်တော့ ဗညား ဘေးမှာလည်းထဘီအကျီင်ပြောင်ပြောင်နဲ့မိန်းမလိုလိုဘာလိုလိုနဲ့ သူသိလိုက်ပြီမောင်လင်းညို့​ပြောတဲ့မျက်နှာခြယ်ပေးမဲ့သူထင်သည်။

"သမီးမျက်နှာခြယ်ပေးဖို့လား အစောကြီးအခုမှာ ၅နာရီဘဲရှိသေးတယ်မစောလွန်းဘူးလာဘူး ပွဲကဖြင့် ၇နာရီမှကို"

"အော် အရီးကလည်းကျုပ်ကပြင်ပေးရမယ်သူလေ ကိုယ်ဘယ်လောက်အချိန်ကြာမှာလားသိတာပေါ့ အဲ့တာကြောင့်ဒီအချန်လာရတာ "

ထိုအခါမှဗညားကလည်း..

"ဟုတ်တယ်လေ ဒေါ်လေးဒီအလှပြင်ပေးတဲ့ဆရာ အဲ့ဆရာမကအရမ်းတော်တာလေ ဒါကြောင့်ညီမသူသူထက်ကိုအလှဆုံးဖြစ်အောင်ပြင်ပေးဖို့လင်းညို့ကမှာထားသေးတယ် အချိန်ပိုများတော့ ပိုလှတာပေါ့ဗျာ မဟုတ်ဘူးလား"

"အေးပါ အေးပါ အထဲဝင်"

ဒေါ်စိန်ကြည် အိမ်ထဲဝင်သွားတော့

"ကျုပ်ပြောတဲ့အတိုင်းပဲလုပ်နော်မသိစေနဲ့"

"သိပါတယ်တော် ဆန်းဆန်းလိမ်တဲ့နေရာမှာတော်တယ်လေ"

"ဟဲ့မဝင်သေးဘဲအပြင်မှာဘာလုပ်နေတာလည်း"

"လာပါပြီရှင့် "

"အေး အခုပြင်မှတ်လား ဒါနဲ့အကျီင်ကောပါတယ်မှတ်လား"

"ပါပါတယ် ​အခုပြင်မှာ"

သူကြီးကတော် မြို့ကြီးသားKde žijí příběhy. Začni objevovat