အခန်း(၂၂)

5.5K 239 0
                                    

"ကိုကိုကြီးပြန်လာပြီလားနေ့လည်ကအမေလာသွားတယ်ထမင်းဟင်းတွေလည်စချက်ပေးသွားတယ်ကျွန်တော်ကတော့ကောင်းခ
နဲ့စားလိုက်ပြီ"

လင်းညို့တကယ်ခံပြင်းမိပါတယ်ကိုယ့်ကိုတောင်မစောင့်ဘဲအခုမှသိတဲ့ကောင်နဲ့စားစရာလားဆိုပြီးသူ့ထက်သာခေါင်းကိုခပ်နာနာလေးသာခေါက်လိုက်ချင်တော့သည်။

"အင်း.."

"အဘွားပင်ပန်းနေပြီလားလာလေထိုင်လေ
ဒါကသားပြောတဲ့သူ့ထက်သာလေ"

"ဟုတ်လားကောင်းခကတော့ကျောင်းကပြန်လာတာနဲ့သားအကြောင်းတွေပြောသလားမမေးနဲ့အဘွားကမြင်ဖူးချင်နေတာ"

"နှစ်ယောက်ကသိနေကြတာလားသူ့ထက်"

"ဟုတ်တယ်လေကောင်းခကကျွန်တော်ကျောင်းတက်တုန်းကအခန်းတူတူဘဲ"

"အဘွားသားဒီရွာကလျှူချင်တာသူ့ထက်သာကပြောလို့လေ"

"ငါကဒီတိုင်းပြောလိုက်တာကိုတကယ်လာလျှူမယ်လို့ထင်တောင်မထင်ဘူး"

"သူ့ထက်သာမင်းကဘာလို့သူကြီးအိမ်မှာနေနေတာလည်းအမျိုးတော်ကြတာလား"

လင်းညို့တစ်ယောက်သူ့ထက်သာကိုကြည့်တော့ကိုယ့်ကိုကြည့်ကာဘယ်လိုပြောရမလည်းပုံစံဖြင့်မျက်စပစ်ပြသည်။
လင်းညို့မျက်ခုံးသာပင့်ပြလိုက်တော့..

"မဟုတ်ဘူးကိုကိုကြီးကငါ့ယောကျာင်း
ငါနဲ့ယူထားတာတစ်ရွာလုံးသိတယ်"

ကောင်းခက​တော့တော်တော်လေးအံ့သြသွားသည်။အဘွားကိုကြည့်လိုက်တော့ခပ်ပြုံးပြုံးပင်

"ဟင်...ဒါဆိုမင်းကကျောင်းကိုဘယ်လိုလုပ်မလဲဘယ်လိုတွေဖြစ်သွားတာလည်းငါ့တို့ကိုလည်းအကြောင်းမကြားဘူး"

"ကျောင်းကကြတော့မတက်တော့ဘူးဒီလိုဘဲဖြစ်သွားတယ်ဟိုကောင်တွေကိုတော့မင်းပြန်ပြောပြလိုက်ပေါ့"

"အေးပါငါပြန်ပြောပြလိုက်မယ်"

"အဘွားထမင်းစားတော့မလား ကျွန်တော်ပြန်ပေးပါမယ်"

"တော်ပါပြီကွယ် အဘွားကညစာသိပ်စားဘူးအစာမကျေမှာစိုးလို့သားသူ့ထက်သာသူကြီးကိုထမင်းပြင်ပေးလိုက်လေဗိုက်ဆာနေရောပေါ့"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now