အခန်း(၂၁)

5.7K 234 2
                                    

"သူ့ထက်သာ ဒါလေးလုပ်တာကိုအသားပဲ့ပါသွားတာမဟုတ်တာပဲဘယ်မဟုတ်တာလေးကိုစပ်စပ်ထိမခံဖြစ်နေရတာလည်းမကျေနပ်ရင်ကိုကိုကြီးကိုပြန်လုပ်လေကိုကိုကြီးကလူကြီးဆိုတော့ဒါမျိုးတွေမှာသဘောကောင်းပါတယ်"

အိမ်ရှေ့ရှိသစ်သားခုံပေါ်မှာထိုင်ပြီးဆူပုတ်ပုတ်မျက်နှာဖြင့်ထိုင်နေသောသူ့ထက်သာအားလင်းညို့ချော့ပြောနေခြင်းပင်ဖြစ်သည်
အကြောင်းမှာမနေ့ညကသူ့ထက်သာဘုရားရှစ်ခိုးချင်ယောင်ဆောင်နေတာကိုရိပ်မိသွားပြီးအတင်းဖက်ကာပါးတွေကိုနမ်းလာသောကြောင့်ဖြစ်သည်။ဒါ့အပြင်မပြီးသေးတစ်ညလုံးလဲဖက်အိပ်သည်။မနက်မိုးလင်းတဲ့အထိတစ်ချက်ကလေးမှမလွှတ်ပေး..

"ဘာလို့ကျွန်တော်ကပြန်လုပ်ရမှာလည်းလုပ်မယ့်လုပ်အာနိုးကိုပဲသွားလုပ်မှာပေါ့ခင်ဗျားကိုတော့ထိုးပစ်မယ်"

"ဘာ....မင်းကိုငါပြောထားတယ်နော်အဲ့ဋဖကောင်ကိုမကြိုက်ရဘူးလို့ငါ့ကိုကြထိုးပြီးဟိုကောင်ကိုကြနမ်းမယ်ပေါ့ဟုတ်လားမင်းကငါ့ကိုသစ္စာဖောက်တာပဲအိမ်ထောင်ရှိရက်နဲ့တစ်ခြားတစ်ယောက်ကိုသဘောကျလို့ရမလားကွမင်းကနမ်းတောင် နမ်းချင်သေးတယ်ငါမင်းကိုနမ်းတာကအမြင်ကပ်လို့နမ်းတာလေအမြင်ကပ်တယ်ဆိုပြီးရိုက်လိုက်ရင်မင်းကငိုနေမှာဆိုးလို့လေအခုလိိုနမ်းလိုက်တော့အသားလည်းမနာတော့ဘူးမင်းအတွက်တောင်ကောင်းသေးတယ်မျက်ရည်တွေလည်းအလကားဟသက်မဖြစ်တော့ဘူးပေါ့"

စကားလဲပြောပြီးဟိုလှည့်သွားပြီးခြေထောက်ကကလည်းဟိုကန်ဒီကန်လုပ်နေသောလင်းညို့သူ့ထက်သာအံသြမိပါရဲ့အလိုတော်..ဒါကလိုချင်တာတစ်ခုခုမရလို့စိတ်ကောက်နေတဲ့ကလေးလေးတစ်ယောက်လိုပင်စိတ်ဆိုးနေတဲ့သူကကိုယ်လားသူလားမသဲကွဲသူ့ထက်သာနဲ့ယူထားတာလူကြီးလားကလေးလား..

"ဟေ့လူအဲ့တာဘာဖြစ်နေတာလည်းဒီဘက်လှည့်ဉီးကျွန်တော်ခေါ်တာကြားလားလို့..
ကိုကိုကြီး..."

သူ့ထက်သာစိတ်မရှည်တော့ပါ

"ဟင်..ခင်ဗျားမျက်ရည်တွေဝဲနေတယ်ဘာဖြစ်လို့လည်းကျွန်တော်ဘာလုပ်မိလို့လည်း"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now