part (01)

19.7K 550 40
                                    

အပိုင်း(၁)
ပထမဦးဆုံး တွေ့ဆုံခြင်း
အိမ်လေးက တထပ်တိုက် လေး။
ရေချိုးခန်းနှင့် အိမ်သာက ခြံထဲမှာ သီးသန့်ထားတာကို မြင်ရသည်။
အိမ်၏အရှေ့ဘက်ခြမ်း၌ ရေသိုလှောင်ထားသော အုတ်ကန် ခပ်ကြီးကြီး တလုံးလည်း ရှိသည်။

တိုက်လေးထဲက တိုက်ခန်း တခန်းပိုနေ၍ အငှားထားမည် ဆိုသောကြောင့် ကျတော် ရောက်လာရခြင်း ဖြစ်သည်။
အနည်းငယ် ကျယ်သော ခြံကလေးထဲ၌ ပန်းပင်လေးတွေ၊ပျိုးအိတ်ကလေးတွေ တွေ့ရသည်။

"ပျိုးပင်ရောင်းတာများလား"

တယောက်တည်း တီးတိုးရေရွတ်ရင်း ကျတော် တိုက်အိမ်လေး၏ အဝင်တံခါးဝ၌ ရပ်လိုက်သည်။

"အိမ်ရှင်တို့
အိမ်ရှင်တို့"

အိမ်ရှင်တို့ လို့ လှမ်းအော်လိုက်ပေမယ့် ဒီအိမ်မှာ အိမ်ရှင်အမျိုးသား တယောက်ပဲ ရှိတယ်လို့ ကျတော် သိထားသည်။
ထို့ကြောင့်သာ ငှားရမ်းနေထိုင်ဖို့ စိတ်ဝင်စားခြင်း ဖြစ်သည်။
အမျိုးသမီးတွေ ရှိသည့် အိမ်ဆို အနေအထိုကျဉ်းကျပ်သည်ဟု ခံစားရသောကြောင့် တော်ရုံဆို
ရှောင်လေ့ရှိသည်။

ကျတော် လှမ်းအော်ပြီး သည့်နောက် ခဏ အကြာ အိပ်ချင်မူးတူးနှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတယောက် ထွက်လာသည်။
ကျတော့် စိတ်ထဲက ခန့်မှန်းချေအရ အသက်အရွယ် ၄၀လောက်ဖြစ်မည်ထင်သည်။

စွပ်ကျယ်ဂျိုင်းပြတ် အဖြူနှင့်
ပုဆိုးခပ်လတ်လတ်ကို သေသေသပ်သပ်ဝတ်ဆင်ထားသည်။
ဘာမှ လိမ်းလေ့မရှိသည့် မျက်နှာ။
ကိုင်းခပ်ကြီးကြီးနှင့် မျက်မှန်ကို တပ်ထားသည်။ပြီးတော့ ဒီနေ့အတွက် သူ မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးတွေ မရိတ်ရသေးဟန်တူသည်။
အနည်းငယ် ပြူတစ်၊ပြူတစ် ထွက်နေကြသော နှုတ်ခမ်းမွှေး ခပ်စစ ကိုပါ မြင်ရသည်။
မျက်နှာ အချိုးအစားကတော့ မဆိုးလှ၊မျက်ခုံး၊မျက်လုံး၊နှာတံ ၊နှုတ်ခမ်းတို့က ပိရိသေသပ်လှသည်။
အသားအရောင် ခပ်ညိုညိုနှင့်
အရပ်အမောင်းကလည်း ခပ်ရှည်ရှည်ပင်၊ဗိုက်တွေဘာတွေလည်း မထွက်ပဲ ချပ်ချပ်ရပ်ရပ်ရှိသည်။ခြုံငုံပြောရရင် ကြည့်ကောင်းသည့် လူတယောက် ဖြစ်လေသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now