part (31)

2K 109 5
                                    

အပိုင်း(၃၁)
မနေ့က သား ဘုန်းဇေယျာနှင့် သူ့အမျိုးသား မောင်မင်းရောင်ခန့်တို့ အိမ်သို့ အလည်ပြန်လာကြသည်။
အကြောင်းမကြားပဲ ဗြုန်းစားကြီး ရောက်လာကြတာကြောင့် ဦးစည်သူတို့လည်း သွားမကြိုလိုက်ကြရပါဘူး။

ကိုယ့်တူမနှင့် ကလေးချင်း စကားများကြပြီး ကိုယ့်ကို မခေါ်နိုင်၊မပြောနိုင်တွေ ဖြစ်လာကာ ရန်ကုန်သို့ ထွက်သွားသည့် ဘုန်းဇေယျာ ကြောင့် ‌အတော်‌ေတာ့ စိတ်မကောင်း ဖြစ်ခဲ့ရဖူးသည်။
ရန်ကုန်ကို ရောက်သွားတော့လည်း သူ့အမေနှင့် ဖုန်းပြောသည်။ကိုယ့်ကိုတော့ဖြင့် မပြောချင်ဘူး ဟု သူ့အမေကို ငြင်းနေသံ ကြားရသည်။

နောက်တော့ သူအနေရခက်နေမည် ဟုတွေးကာ သူ့အမေကိုပဲ "သားအဖေနဲ့ ပြောဦးမလား"လို့ မမေးရန် တားမြစ်ရသည်။
လူငယ်ပဲ သူလည်း မှားနိုင်တာပဲ။သူလည်း  အတော် စိတ်ထိခိုက်သွားလို့သာ
ငယ်စဉ်ကတည်းက "အဖေ" "အဖေ" နှင့် ခေါ်ခဲ့ရာက အခုလို ပြောင်းလဲသွားတာ ဖြစ်မည်ဟု တွေးလိုက်သည်။

ပတ်ဝန်းကျင်ကလည်း သူ့ဘာသာသူ ဘာကောင်ကြီး ဖြစ်ဖြစ် ပထွေးဟာ ပထွေးပဲ ဆိုသည့် စကားတွေလည်း ကြားရတာ များတော့ နားဝင်သွားဟန် ရှိသည် ဟု တွေးကာ စိတ်မကောင်းတော့ ဖြစ်မိသည်။

"အဟင်း"

တစ်ခါတစ်ရံ‌ေတာ့လည်း ဘုန်းဇေယျာလေး ငယ်ငယ်က အသားဖြူဖြူဝင်းဝင်း ပါးဖောင်းဖောင်းလေးနှင့် ကိုယ်ထိုင်သည့် ဆေးခန်းသို့ မျက်ရည်လည်ရွဲနှင့် ပြေးလာတာလေးကို ပြန်မြင်ယောင်မိသည်။
တစ်ကယ့် ချစ်စရာ၊သနားစရာ၊ကရုဏာသက်စရာ အပြင် သူ့အမေအပေါ် ငယ်ငယ်လေးနှင့် တာဝန်ယူချင်သည့် စိတ်ကလေးကိုလည်း အထင်ကြီးခဲ့မိသည်။

"ဦးဦး ဆရာဝန်ကြီး
ဦးဦး ဆရာဝန်ကြီး သားမေမေ နေမကောင်းဘူး ကိုယ်တွေပူနေတယ်။စကားလည်း မပြောတော့ဘူး။
သား မေမေကို ကယ်ပါဦး ဦးဦး ဆရာဝန်ကြီး အဟင့်ဟင့်"

ဆိုသည့် စကားသံလေးကလည်း မနေ့တနေ့ကလိုပင် အတိုင်းသား ပြန်လည်ကြား‌ေယာင်နေမိပြန်သည်။

ထိုနေ့က မိုးလေး ဖျောက်တောက် ဖျောက်တောက် ကျနေတာမို့ ဆေးခန်းလာသည့် လူနည်းသည်။
မိုးလေး ဖျောက်တောက် ဖျောက်တောက် ကျနေသည့်ကြား က ဆေးခန်းထဲ အပြေးကလေး ပြေးဝင်လာသည့်ရုပ်ရည်သန့်သန့်ပြန့်ပြန့် ကလေးလေးသည် နောင်တစ်ချိန်၌ ကိုယ့်သား အရင်းလေးလို ချစ်ခင်ရမည့် ကလေးလေး မှန်း ကိုယ်တိုင်လည်း ကြိုမသိခဲ့ပါဘူး။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now