part (21)

2.5K 104 7
                                    

အပိုင်း(၂၁)
"ဦးလေးကြီးက ဦးလေးကြီး အခန်းမှာပဲ ပြန်အိပ်ပေါ့"

ခေါက်ဆွဲ ပြုတ်တွေကို ပန်းကန်လုံးလေးတွေထဲသို့ ခွဲထည့်နေရင်းကနေ ဘုန်းက ရုပ်တည်ကြီးဖြင့် ပြန်ဖြေလိုက်တော့ ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်ပြီး ဝမ်းနည်းရလေသည်။

"အင်းပါ"

လေသံပျော့ပျော့လေး ဖြင့် ပြန်ဖြေနေသော ကျွန်တော့်ရှေ့သို့ ခေါက်ဆွဲပြုတ် ပန်းကန်ကို ချပေးရင်း ဘုန်းဇေယျာက ပြုံးဖြဲဖြဲဖြင့် ရယ်နေလေသည်။

"အယ်မယ် ဘာလို့ ရယ်နေတာလဲ?ဘုန်း
ဦးကို နောက်နေတာ မဟုတ်လား ဟင်"?

ဘုန်း၏ မျက်နှာကို ကြည့်ကာ ကျွန်တော်လည်း စိတ်သက်သာရာ ရသွားပြီး လိုက်ပြုံးမိသည်။
ဘုန်းဇေယျာက ရယ်ကျဲကျဲ ဖြင့်ပင် ကျွန်တော်နှင့် မျက်နှာချင်း ဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ခေါက်ဆွဲကို တူဖြင့်ညှပ်ကာ အားရပါးရ တစ်လုတ် စားလိုက်လေသည်။

ပြီးမှ
မစားနိုင်သေးပဲ သူ့ကို ငေးကြည့်နေသည့် ကျွန်တော့်ကို လှမ်းကြည့်ကာ ထပ်ပြီး ရယ်ကျဲကျဲ လုပ်ပြန်သည်။

"နောက်တာ မဟုတ်ပါဘူး အတည်ပါ။
ဦးလေးကြီးက ဦးလေးကြီး အခန်းမှာပဲ ပြန်အိပ် လေ။
တစ်ကယ်လို့ တစ်ယောက်တည်း မအိပ်ရဲရင် ကျွန်တော် လာအိပ်ပေးလို့ ရပါတယ် ။
အဟင်း ဟင်း"

ကြည့်စမ်း။ကြည့်စမ်း။
ဒီကောင်လေး ပြောပုံ၊ဆိုပုံတွေ၊လုပ်ပုံတွေက ဒါ ကျွန်တော့်ကို သက်သက် အူယားအောင် လုပ်နေတာ မဟုတ်လား?။

မတရား အူယားပြီး မရိုးမရွ ဖြစ်လာတာကြောင့် ဘုန်းဇေယျာ၏ လက်က‌လေးကို လှမ်းဆွဲကာ ကိုင်ပစ်လိုက်မိလေတော့သည်။

"ကြည့်စမ်း ဘုန်း။
ဦး ကို အူယားအောင် လုပ်နေတာ မဟုတ်လား ဟင်"?

"အာ။
အဟင်းဟင်း။
ဦးနော်။
လက်ကိုင်ရုံပဲ ရမယ်။
သူ့အခန်းထဲ လိုက်အိပ်ပေးမယ် ဆိုတာနဲ့ အကြံဆိုးကြီးတွေ ကြံဖို့ မစဉ်းစားနဲ့နော်။
ကျွန်တော် ကျွန်တော့် အခန်းကို ပြန်အိပ်ပစ်လိုက်မှာဗျ ။
ဟွန့်။"

ဘုန်းဇေယျာ၏ စကားကြောင့် အသည်း တယားယား ဖြစ်ပြီး ဆွဲကိုင်ထားမိသည့် သူ့လက်ဖဝါးလေးကို လွှတ်ချလိုက်ပြီး အရှက်ပြေ လှမ်းရယ်ပြကာ မျက်နှာချိုသွေးလိုက်မိသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now