part (20)

2.5K 125 4
                                    

အပိုင်း(၂၀)
အိမ်သို့ အပြန်လမ်း တစ်လျှောက်လုံး ဘတ်စ်ကားပေါ်၌ တစ်ချိန်လုံး တွေးနေမိသည်က စိုးမီမီ လာပေးသွားသည့် အပြာရောင်စာအိတ်လေးထဲက စာရွက်လေး၏ အကြောင်းပင် ဖြစ်နေလေသည်။

အဲဒီ စာရွက်လေးကို ဖွင့်ဖတ်ပြီးတဲ့ နောက် ဦးလေးကြီး မင်းရောင်ခန့်က ဘာကြောင့်များ ဆုတ်ဖြဲ ပစ်တာပါလိမ့်။

ချစ်ရသည့် သူက နောက်ဆုံး အနေနဲ့ ချန်ရစ်ထားခဲ့သည့် စာလေး တစ်စောင်ကို ဆုတ်ဖြဲပစ်သည် ဆိုတော့ ဦးလေးကြီးမင်းရောင်ခန့်၏ ရင်ထဲ ဘယ်လောက်တောင် ခံစားသွားရလို့ပါလိမ့် ။

"အရမ်းနာကျင်ခဲ့ရလား?
ဘယ်လောက်တောင် နာကျင်ခဲ့တာလဲ?"

သေချာတာ တစ်ခုက ဦးလေးကြီး မင်းရောင်ခန့် အနေနှင့် မေတ္တာပေးလို့ မေတ္တာ ပြန်မရသော အနေအထား တစ်ခုနှင့် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ဖူးသည် ဆိုတာပါပဲ။

ဘာကြောင့် မှန်း မသိပဲ ကျွန်တော့်ရင်ထဲ၌ တစ်ဆစ်ဆစ် နာကျင်ရပြန်သည်။

"ဟူး"

ဒီတစ်ခါ ဘတ်စ်ကားပေါ်က အဆင်း
လမ်းကြားလေးထဲသို့ ချိုးအကွေ့ဝယ် ဦးလေးကြီး မင်းရောင်ခန့်နှင့် ဆုံမည်ကို ကြောက် နေမိသည်။

တခြားတော့ မဟုတ်ပါဘူး။
အဲဒီ ညိုစိမ့်စိမ့် အသားအရောင်နှင့် မေးရိုးလှလှ တွေ ပါသည့် မျက်နှာ တည်တည်ချောချောကြီးကို မကြည့်ရက်သေးလို့ပါပဲ။

"ဟိတ်
ဘုန်း
ဘာတွေတွေးလာတာလဲ?
ဦးကိုတောင် မမြင်ဘူး။"

ဒီနေ့ကျ ကျွန်တော့်ဆုတောင်းက မပြည့်ပါဘူး။သူ့ဆိုင်လေးကို သော့ခတ်ကာ ထွက်လာသည့် ဦးလေးကြီး မင်းရောင်ခန့်နှင့် ဆုံပြန်ပြီ။

ဘာရယ် မပြောမိပဲ ဦးလေးကြီး မင်းရောင်ခန့်၏ မျက်နှာကို တစ်ခါမှ မမြင်ခဲ့ဖူးသလို ငေးကြည့်နေမိသည်။

"ဘာဖြစ်လာတာလဲ ဟင် ဘုန်း။
နေမကောင်းဘူးလား?"

မေးခွန်းကို ပါးစပ်ကမေးနေပေမယ့် သူ့လက်ဖမိုးတွေက ကျွန်တော့်နဖူးပေါ်သို့ ရောက်လာနေသည်။

"နေကောင်းပါတယ်"

ဟုတ်သည်။
ကျွန်တော် နေကောင်းပါသည်။စိတ်ထဲ မကောင်းတာပဲ ရှိသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now