part (28)

2K 107 2
                                    

အပိုင်း(၂၈)
သိပ်မကြာခင်မှာပင် ဟင်းတွေ အားလုံး ကျက်သလောက် ဖြစ်သွားသည်။
ဘုန်းဇေယျာကလည်း အလုပ်ကခွင့်ယူထားသဖြင့် မီးဖိုထဲ၌ပင် ကူလုပ်နေလေသည်။

သူ့အမေပါ ရှိနေတာကြောင့် အိန္ဒြေရရ ထိုင်ကာ ပုစွန် ခွာကူလိုက်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ ခွာလိုက် လုပ်နေလေသည်။

အိန္ဒြေရရ မထိုင်လို့လည်း မဖြစ်ဘူးလေ။သူ့အမေဆီမှာ မနက်ကလည်း မိထားသည်မဟုတ်လား?။

ကျွန်တော်တွေးတောနေသခိုက်မှာပင် စိုးမီမီ တို့ သားအမိ ရောက်လာလေသည်။
ရောက်ရောက်ချင်းဆိုသလို တူတော်မောင်က ကျွန်တော့်ကို ပြေးဖက်တာကြောင့် ကျွန်တော့်မှာ သူ့ကို ပွေ့ချီကာ ဟင်းဆက်ချက်ရလေသည်။

စိုးမီမီနှင့် ဘုန်းဇေယျာ၏ အမေကို တည့်မှ တည့်ပါ့မလားဟူ၍ စိုးရိမ်‌ေနမိသည်။

သို့သော် စိုးမီမီက သွက်သွက်လက်လက်ပင် ကူညီ လုပ်ကိုင်ပေးကာ ရယ်ရယ်မောမော နေနေသည်မို့ သိပ်မကြာခင် ရင်းရင်းနှီးနှီး ဖြစ်သွားကြလေသည်။တော်သေးသည်။

"ထွန်းထွန်းကို ဖုန်းဆက်လိုက် စိုးမီမီ။နေ့လယ်စာ လာစားလို့"

"အစ်ကိုထွန်းက ဆိုင်မှာလား အစ်ကိုကြီး"

"အေး ဟုတ်တယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

"ကဲ ကြက်ကြော်ပြီးရင် နေ့လယ်စာ စားလို့ ရပါပြီ အန်တီ"

ကျွန်တော့် စကားကြောင့် မီးသွေး မီးဖိုလေးဖြင့် ချဉ်ပေါင်ချဉ်ရေဟင်း ချက်နေသော ဘုန်းဇေယျာ၏ အမေက ခေါင်းတညိမ့်ညိမ့်။

"သားရေ ဘုန်း အဲဒါတွေ လက်စသတ်လိုက်တော့ ထမင်းပွဲပြင်လိုက်"

"ဟုတ်ကဲ့ မေမေ"

ဘုန်းဇေယျာက ထမင်းတွေ ဟင်းတွေ ခူးခပ်ကာ စားပွဲဝိုင်း၌ နေ့လယ်စာ စားရန် ပြင်ဆင်နေလေသည်။

"ဒီနေ့တော့ စားဖိုမှူးကြီး လက်စွမ်း မပြလိုက်ရဘူး။ဟဲဟဲ"

ဘုန်းဇေယျာ၏ စကားကြောင့် သူ့အလုပ်အကိုင် က စားဖိုမှူးမှန်း ခုမှ ပြန်သတိရမိသည်။
ဟုတ်သားပဲ ။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးOnde histórias criam vida. Descubra agora