part (16)

2.6K 125 8
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး(BL Fiction)
အပိုင်း(၁၆)
ကျွန်တော် အိပ်ရာက နိုးလာတော့ ကျွန်တော့် ညာဘက်လက်မောင်းဟာ လှုပ်လို့ မရဘူး။ဒါနဲ့ ကျွန်တော့်ရဲ့ ညာဘက်လက်မောင်းကို လှည့်ကြည့်လိုက်တဲ့အခါ ဘုန်း‌ေဇယျာ၏ ဝင်းမွတ်နေတဲ့ မျက်နှာ နုနု၊ချောချောလေးကို မြင်လိုက်ရသည်။

ဪ ညတုန်းက ကျွန်တော် သူ့အခန်းထဲမှာ သူနဲ့ အတူ အိပ်ခဲ့ရတာပဲ။
ထိုအတွေးနှင့်အတူ ဖြစ်ပေါ်လာသည့် ခံစားချက်က နွေးထွေးသည်။
ကျွန်တော်က ချစ်ရသည့်သူ၊ကျွန်တော့်ကိုလည်း ချစ်သည့်သူနှင့် အတူတူ တစ်အိပ်ရာတည်း ရှိနေရသည့် ခံစားချက်က တသိမ့်သိမ့်နဲ့ကို ရင်ထဲသို့နွေးထွေး‌လာ‌ေစခဲ့တာပါ။

တွေးရင်းနှင့် ဘုန်းဇေယျာ၏ မျက်နှာ ချောချောလေးကို တစိမ့်စိမ့်ငေးကြည့်နေမိပြန်သည်။
ကျွန်တော့် ညာလက်မောင်းပေါ်ခေါင်းအုန်းကာ ကျွန်တော့်ဘက်သို့ မျက်နှာမူပြီး အိပ်ပျော်နေသည့် ကောင်လေး။

"ကျွန်တော်က တစ်ယောက်တည်းပဲ အိပ်တတ်တာ"ဟု ပြောခဲ့ဖူးသည့် ကောင်လေး။

"ဦးလေးကြီး ထ,ထ ဒီမှာ ခြင်ကိုက်လိမ့်မယ် ဒီဆိုဖာ သေးသေးကျဉ်းကျဉ်း‌ေလးမှာ အိပ်ရင် မနက်ကျ ကိုယ်လက်တွေ နာနေလိမ့်မယ် ကျွန်တော့် အခန်းမှာ ကျွန်တော်နှင့် အတူ လာအိပ်"

လို့ ပြောခဲ့တာလည်း ဒီကောင်လေးပင်။

ဒီကောင်လေး၏ စကားသံလေးတွေကို ပြန်ကြားယောက်ကာ တစ်ကယ့်အရေးကျ ကျွန်တော့်ဘက်ကို ကြည့်ပေးသော၊ကျွန်တော့် အတွက်စဉ်းစားပေးသော တစ်ဦးတည်းသော ကျွန်တော့်ရဲ့ ချစ်သူလေးလည်း ဖြစ်နေပြန်ပါသည်။

"အဟင်း ၊
ချစ်စရာကောင်းလိုက်တာ ဘုန်းရယ်။
မင်းလေး အိပ်ပျော်နေတုန်းမို့ ဝန်ခံရဦးမယ်၊ဦးလေ ချစ်သူ ရှိခဲ့ဖူးပေမယ့် ကိုယ့်အတွက် စဉ်းစားပေးတာမျိုးကိုတော့ မင်းနဲ့မှ ရဖူးတာပါကွာ သိလား"?

"အင်း.......ဟင်"

ကျွန်တော့် စကားပြောသံတွေကြောင့် ထင်ပါသည် ဘုန်းဇေယျာ တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လူးလွန့်လာလေသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now