part (26)

2.1K 111 3
                                    

အပိုင်း(၂၆)
အဆင်ပြေပါစေ လို့ စိတ်ထဲက အထပ်ထပ်အခါခါ ဆုတောင်းနေပေမယ့် ဘုန်းဇေယျာရဲ့ အမေက ဘာစကားမှ မဆိုပဲ တအံ့တဩဖြင့် ငြိမ်သက်နေလေသည်။

ဘုန်းဇေယျာကတော့ စိတ်လှုပ်ရှားစွာဖြင့် သူ့အမေကို ကြည့်ကာ သူ့အမေ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလေသည်။

ကျွန်တော်ကတော့ ဒီထက်ပိုပြီး မစောင့်ဆိုင်းနိုင်တော့ ထိုင်နေရာက
ထ,လိုက်ပြီး ဘုန်းဇေယျာ အမေရဲ့ ရှေ့၌ မားမားမတ်မတ် ရပ်လိုက်သည်။

"အားနာပေမယ့် မပြောရင် မဖြစ်လို့ပါ အန်တီ။အခု အန်တီ့ကို ခေါ်လိုက်တာကလည်း ကျွန်တော်နဲ့ ဘုန်း လက်ထပ်တော့မှာမို့ ၊လက်ထပ်တဲ့ အခါ ဘုန်းက အန်တီ့ကို လည်း အတူရှိစေချင်တာ မို့ ခေါ်လိုက်တာပါ အန်တီ"

ကျွန်တော့် စကား ဆုံးသွားသည့် တိုင် ဘုန်းဇေယျာရဲ့ အမေက ဘာစကားမှ မပြောပဲ ကျွန်တော့်ကိုသာ ငေးကြည့်နေလေသည်။

"ကျွန်တော်နားလည်ပါတယ် အန်တီ။
သားယောက်ျားလေး တစ်ယောက် မွေးထားပြီး သားမက္ တစ်ယောက် ရလာလိမ့်မယ်လို့ ဘယ် အမေကမှ ထင်ထားမှာ မဟုတ်ပါဘူးလေ"

"အန်တီ့မှာ သားသမီးဆိုလို့ ဘုန်းဇေယျာလေး တစ်ယောက်ပဲ ရှိတာ။
ဒီတော့ မောင်မင်းရောင်ခန့်ကို မေးပါရစေဦး။
အထီးကျန်လို့ အနားမှာ လူတစ်ယောက် ရှိစေချင်လို့ အန်တီ့သားလေးကို လက်ထပ်တာလား?
ဒါမှ မဟုတ် နှစ်နှစ်ကာကာ ချစ်ခင်မြတ်နိုးလို့ အန်တီ့သားလေးကို လက်ထပ်တာလား?ကွဲ့"

သူသိချင်တာကို ပွင့်ပွင့်လင်းလင်း ဖွင့်မေးပြီမို့ တော်သေးသည်။ကျွန်တော်ဖြေဆို ခွင့် ရသွားပြီလေ။

"ကျွန်တော် ဘုန်းကို တစ်ကယ် ချစ်ခင်စုံမက္ လို့ လက်ထပ်တာပါ အန်တီ။
ဘုန်းမှ မဟုတ်ရင် အနားမှာ မထားချင်ပါဘူး။ဘုန်းမို့လို့သာ အနားမှာ ရှိနေစေချင်တာပါ"

"အန်တီ့ကို ကတိပေးနိုင်လို့လား
မောင်မင်းရောင်ခန့်"

ကျွန်တော် ဘုန်းဇေယျာ အမေရှေ့၌ ဒူးထောက်ချလိုက်သည်။
ဘာဖြစ်လဲ ?
မရှက်ပါဘူး။
ကျွန်တော့်ချစ်သူလေးကို မွေးဖွားပေးခဲ့တဲ့ ယောက္ခမလောင်းကြီးပဲလေ။
ယောက္ခမလောင်းကြီးသာ မွေးဖွား မပေးခဲ့ရင် ကျွန်တော့်အတွက် သီးသန့်ဖြစ်တည်လာတဲ့ ဘုန်းဇေယျာ ဆိုတဲ့ ကောင်လေးလည်း ရှိလာမည် မဟုတ်ချေ။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now