part (07)

3.8K 196 3
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၇)

ဒီရပ်ကွက်ဈေးထဲကို မရောက်ဖြစ်တာ
တော်တော်ကြီးကို ကြာနေပါပြီ။
အခုလည်း ဘာမှ မယ်မယ်ရရ ဝယ်စရာ မရှိပါပဲနဲ့ ဇီးဖြူသီးထောင်း စားချင်တာနှင့် ဇီးဖြူသီး ရှာဝယ်ရန် ထွက်လာခဲ့တာ ဖြစ်သည်။

ဟိုးအရင်တုန်းက ဝယ်နေကျ တောသယ်လေးတွေ ရှိရာဘက်သို့ လျှောက်လာခဲ့သည်။

"ဪ ဒီမှာ ဇီးဖြူသီးတွေ ရှိသားပဲ။
ဇီးဖြူသီး ဘယ်လို ရောင်းလဲ ညီမ"

ပိုက်ဆံတွေ ရေတွက်နေရာမှ ဈေးသယ်မလေးက ကျွန်တော့်ကို မော့ကြည့်သည်။

"ဪ ဟို အစ်ကိုကြီးပဲ။
မမြင်တာ ‌အတော်ကြာပြီနော် အစ်ကိုကြီး။ ဇီးဖြူသီးက နို့ဆီဗူးနဲ့ တစ်ဗူးကို ၇၀၀ ပါ"

"တစ်ဘူး ယူမယ်နော်"

"ဟုတ်ကဲ့ အစ်ကိုကြီး။
ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးတွေ လည်း အားပေးသွားပါအုံး"

"အေး ဟုတ်သားပဲ။
၂၀၀ဖိုးစီ ထည့်လိုက်"

"၂၀၀ ဖိုး ဆိုရင် နည်းနည်းလေးပဲ ရမှာ အစ်ကိုကြီးရဲ့"

"ရပါတယ် နည်းလည်း
တစ်ခါချက်လေးပဲ ဆိုတော့လေ"

"ဟုတ်ကဲ့ ပိုထည့်ပေးလိုက်မယ်နော်။
အစ်ကိုကြီး။ဒါနဲ့ အမြဲအတူပါလာတဲ့ တစ်ယောက်ရော မတွေ့ပါ့လား"?

ဟယ် မမှတ်မိလောက်တော့ဘူးလို့ ထငမထားတာ။ဒီလောက်ကြာသွားတာတောင် ဒီဈေးသယ်က မှတ်မိနေတုန်းပါပဲလား?။

အေးလေ ငါတောင် သူအပျို ဘဝ လှတုန်း၊ပတုန်းက ဈေးဝယ်လာတာ။အခုလို ကလေး အမေ ဘဝ ဖတ်သီ၊ဖတ်သီနဲ့တောင် သူ့ကို မှတ်မိနေတုန်းပဲဟာ။
သူလည်း မှတ်မိနေမှာပေါ့။

ကိုယ်တွေကလည်း သူ့ဆီမှာ ဝယ်နေကျ ဖောက်သယ်တွေ ဖြစ်ခဲ့တာကိုး။

"မပါဘူး ညီမလေး
သူဆုံးသွားပြီ"

"ဟယ် ဟုတ်လား စိတ်မကောင်းလိုက်တာ အစ်ကိုကြီးရယ်။မသိလို့ မေးမိတာပါ။ခွင့်လွှတ်နော်။"

"ရပါတယ် ညီမလေး သွားမယ်နော်။

ဇီးဖြူသီး အိတ်ရယ်၊နံနံပင် ငရုတ်သီး အိတ်ရယ်ကို လက်မှာ ဆွဲကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now