part (17)

2.4K 120 0
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
BL Fiction
အပိုင်း(၁၇)
"ဪ ဘုန်းအတွက် မနက်စာ ထမင်းဘူး လာပို့ပေးတာလား"?

မိန်းကလေး တစ်ယောက်က ကျွန်တော့်ကို ခြေဆုံး၊ခေါင်းဆုံး လိုက်ကြည့်ပြီး လာမေးသည်။

ဘုန်းဇေယျာကတော့ ပြုံးစစနှင့် ခေါင်းညိမ့်ပြနေပေမယ့် ကျွန်တော်ကတော့ တော်တော်လေး လှပနေသည့် ထိုမိန်းကလေးကို သေချာလိုက်ကြည့်ကာ ဘုန်းဇေယျာနှင့် သဝန်တိုနေမိသည်။

"ဟုတ်တယ်ဗျ"

"ဟယ်
တို့ စားဖိုမှူးအတွက် မနက်စာ ထမင်းဘူး လာပို့တာ ဟုတ်လား?
ဦး‌လေးကြီးက ဘယ်သူလဲ"?

နောက်ထပ် လူနှစ်ယောက်လောက်က လာကြည့်ကြပြန်သည်။ဘုန်းဇေယျာ အတွက် မနက်စာ ထမင်းဘူး လာပို့တာကိုပင် အင်္ဂါဂြိုလ် က ကျရောက်လာသည့် လူတစ်ယောက်လို လာလာကြည့်နေကြတာကြီးက ကျွန်တော့်ကို အနေရခက်စေသည်။

သူတို့ဆိုင်က လူတွေ သူ့ကို လာဝိုင်းကြည့်နေကြတော့ ကျွန်တော် အနေရခက်တာကို သူ ရိပ်မိသွားပုံရသည်။
ဘုန်းဇေယျာက ကျွန်တော့်ကို ဆွဲသွားကာ ဆိုင်နောက်ဖက်က ပန်းခြုံလေးးဆီသို့ ခေါ်သွားလေသည်။

...............
"သူတို့က အစ်မတွေ လို ၊အစ်ကိုတွေလို ခင်နေကြလို့ မေးကြတာပါ ဦးလေးကြီးရဲ့ ချွေးပြန်သွားပြီလား"?

ဘုန်းဇေယျာက သူ့လက်ထဲက အအေးခွက်လေးကို ကျွန်တော့်လက်ထဲသို့ လှမ်းပေးကာ မေးသည်။

"အင်း နည်းနည်းတော့ နေရခက်တယ်။
ဒါပေမယ့် ဘုန်းရဲ့ အစ်ကိုလို၊အစ်မလို ခင်မင်ရတဲ့ သူတွေဆိုတော့  ဘာပဲဖြစ်ဖြစ်နှုတ်ဆက်မှ ကောင်းမယ် ထင်တယ်....."

ကျွန်တော်နှင့် စကားပြောနေဆဲမှာပင် ဘုန်းဇေယျာက ကျွန်တော်ပေးလိုက်သည့် ထမင်းဘူးကို ဖွင့်ကာ ကျောက်စားပွဲလေးပေါ်သို့ တင်လိုက်သည်။
ပြီးတော့ ထမင်းဘူးထဲက ဟင်းတွေကို အနံ့ခံကာ ပြုံးပြုံးကြီး လုပ်နေတာကို မြင်လိုက်ရလေသည်။

"ဒီအကြော်လေး စားကြည့် တစ်ကယ်ကောင်းတာ။ဘုန်းကို ကျွေးချင်တာကြောင့် တကူးတက ကြော်ထားတာ။စားကြည့်"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now