part (19)

2.3K 116 1
                                    

အပိုင်း(၁၉)
"ဟား တို့ အစ်ကိုတို့ကတော့ အခုတလော လန်းဆန်းနေတာပဲနော်"

မနက် ဆိုင်ကို ရောက်ရောက်ချင်း ကိုထွန်း၏ ခနဲ့ တဲ့တဲ့ စကားကို စ,ကြားရချေပြီ။

ကျွန်တော်နှင့် အိမ်ငှားကောင်လေး ဘုန်းဇေယျာတို့ ၏ အကြောင်းကို ကိုထွန်းက သိနေပြီလေ။

ဒီတော့ မနက် ၊မနက် ဆိုင်ကို ရောက်ရင် ကျွန်တော့်ကို စဖို့၊နောက်ဖို့ က သူ့အလုပ်တစ်ခု လို ဖြစ်နေပြန်သည်။

"ငါ အမြဲတမ်း လန်းဆန်းပါတယ်ကွ။
ကိုယ့်လူရ။"

"ကျွန်တော်က ပျော်လို့ ပါဗျာ။
အစ်ကိုက အရင်ကထက်တော့ နည်းနည်း ပိုပြီး ပြုံးပြုံးရယ်ရယ် နဲ့ ပြောလို့ ဆိုလို့ ကောင်းလာတာကို"

"အောင်မာ။
ငါက ဘယ်တုန်းက ပြောလို့၊ဆိုလို့ ဆိုးခဲ့ဖူးလို့တုန်း"

"အဟီး။
အရင်တုန်းကလေ"

"တယ်။
ဘယ်တုန်းကလဲ ကွ"

"ကွာခြားပါတယ် အစ်ကိုရာ။
အရင်ကဆို ဈေးလာဝယ်တဲ့ သူတွေက အစ်ကိုရေ ဒီအပင်လေးရယ် ဒီအပင်လေးရယ် နှစ်ပင်ယူမယ် ခရီးစရိတ်လေးတော့ လျှော့ပေးနော်  လို့ ပြောရင်

မလျှော့နိုင်ဘူး။
ဝယ်ချင်ဝယ်။
မဝယ်ချင်နေ လို့ ရုပ်တည်ကြီးနဲ့ အမြဲပြောနေကျ"

"ဘာကွ"

ကိုထွန်း၏ စကားကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်စဉ်းစားမိသည်။
ကိုယ့်ကိုယ်ကိုယ်ကျ သတိမထားမိပေမယ့် သူပြောတာ မှန်နေလေသည်။

"အခုများကျတော့
အစ်ကိုရေ ဒီအပင်လေး ယူမယ်။
ဈေးလျှော့ပေးပါအုံး ဆိုရင်
အေး အေး ကိုထွန်းရေ ကြည့်လုပ်ပေးလိုက်ပါကွာ ဆိုပြီး
တအားတွေ သဘောကောင်းနေတာနော်"

"ဟေ။"

အွန်း ဟုတ်ပေသားပဲ။
တခါတလေကျ ဘုန်းဇေယျာ၏ အကြောင်း ခေါင်းထဲကို ရောက်လာလျှင်ပြုံးပြုံးကြီး ဖြစ်လာပြီး  လာသမျှလူကို
အကုန် အလကားပေးချင်စိတ်ပေါက်မိသည် မဟုတ်လား?။

ဒီအတိုင်းဆို ကြာလျှင် အရင်းပြုတ်ကိန်း ရှိသည်။ပြီးတော့ ဘုန်းဇေယျာကို ကားဝယ်ပေးမည်ဟု အာချောင်ကတိပေးထားမိသေးသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now