part (24)

2.2K 126 3
                                    

အပိုင်း (၂၄)
ကျွန်တော်တို့ နှစ်ယောက် မီးဖိုထဲကို ရောက်လာတော့ စိုးမီမီက ကျွန်တော်နှင့် ဘုန်းဇေယျာ အတွက်ပါ ကောက်ညှင်းပေါင်းတွေ ထည့်ပြီးနေပြီ ဖြစ်သည်။

အကြော်စုံတွေ ထည့်ထားသည့် လင်ဗန်းကြီးက တော့ အစကတည်းက စာပွဲဝိုင်း၏ အလယ်မှာ ရှိနေတာ ဖြစ်သည်။

"ဒါတွေ အကုန်လုံး ဘုန်း တစ်ယောက်တည်း လုပ်လိုက်တာလား?
ပင်ပန်းသွားပြီ ဘုန်း"

ပင်ပန်းသွားပြီဟု ပြောကာ ဘုန်းဇေယျာ၏ ပါးစပ်ထဲသို့ ခရမ်းသီးကြော် တစ်ချောင်းကို တစ်ကိုက်စာ ဖဲ့ကာ ခွံ့ကျွေးလိုက်သည်။

ဘုန်းဇေယျာက သူ့ပါးစပ်ထဲ ဝင်လာသည့် ခရမ်းသီးကြော်ကို ဝါးနေတာမို့ ဘာမှ ပြန်မဖြေအားချေ။

သို့သော ် စိုးမီမီက ငြိမ်ခံမနေပါချေ။

"အမယ်မယ်။
ကိုဘုန်းဇေယျာ တစ်ယောက်တည်း ကြော်တာ မဟုတ်ပါဘူးနော်။ ညီမလေးလည်း ကူကြော်ပေးပါတယ်"

"ဟုတ်တယ် ဦးကြီး"

စိုးမီမီ၏ စကားကို စိုးမီမီ၏သားလေးကပါ လိုက်ထောက်ခံနေလေသည်။

ထို့ကြောင့် ကျွန်တော်က စိုးမီမီကိုပါ ဆူးပုတ်ရွက် ကြော် တစ်လုတ်စာဖဲ့ပြီး ခွံ့ကျွေးလိုက်သည်။

"ဟား
ဦးကြီး သားကိုလည်း ကျွေး"

"ဟာကျွေးရမှာပေါ့
ငါ့တူ အလိမ္မာတုံးလေးကို"

ပြောပြောဆိုဆိုဖြင့် တူလုပ်သူကိုပါ မျှစ်ကြော် ခွံ့ကျွေး လိုက်လေသည်။
ခုမှပင် စိုးမီမီတို့ သားအမိလည်း ပျော်သွားကြလေသည်။

"ကဲရော့
သူများတွေကိုပဲ လိုက်ခွံ့ကျွေးနေရလို့ မစားရသေးဘူး မဟုတ်လား?
ဦးလေးကြီး ပါးစပ်ဟ"

ဘယ်လိုမှ မထင်မှတ်ထားသည့်ကြားက ဘုန်းဇေယျာက ကျွန်တော့်ကို ရုံးပတီသီးကြော် တစ်ကိုက်စာကို လှမ်းခွံ့ကျွေးလိုက်တာမို့ ပြံးပြုံးကြီးဖြင့် ပါးစပ်ကို အလိုက်သင့်လေး "ဟ" ပေးလိုက်လေသည်။

"အမယ်
ရိုနေကြတာ"

ဘေးက စိုးမီမီကပါ သဘောတွေကျနေလေသည်။ဘာပဲ ဖြစ်ဖြစ် သူ့အစ်ကိုကြီး ချစ်ရသည့် ချစ်သူက သူ့အစ်ကိုကြီးကိုလည်း ချစ်မြတ်နိုးတယ်ဟု သိရတော့ သူမလည်း စိတ်အေးလက်အေး စိတ်ချ လက်ချ ပျော်နိုင်မည် ထင်သည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now