part (12)

3.2K 159 12
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၁၂)
နှာခေါင်းထဲသို့ ကောက်ညှင်းနံ့က ထောင်းကနဲ ဝင်ရောက်လာလေသည်။
မျက်လုံးလည်း ပွင့်လာလေသည်။
အိပ်ချင်မူးတူး မျက်နှာကြီးနှင့် ထထိုင်လိုက်မိလေတော့သည်။

ကောက်ညှင်းပေါင်း မစားရသည်မှာ ဘယ်လောက်ကြာပြီမသိ။မနက်၊မနက်ဆို အစောမထတာနှင့် မဝယ်စားဖြစ်ခဲ့ဘူး မဟုတ်လား?။

အခုတော့ ကောက်ညှင်းချက်သည့် အနံ့က နှာခေါင်းကို လာလာပြီး ကလူနေသည်။

တစ်ကယ်ဆို ညတုန်းက မနက်ဖြန်ကျရင် ပန်းခြံသွားရအောင် လို့ ပြောခဲ့သည့် ဦးလေးကြီး၏စကားကြောင့် စိတ်လှုပ်ရှားပြီး တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။အခုမနက် မိုးလင်းခါနီးကျမှ အိပ်ပျော်သွားတာ ဖြစ်သည်။

အဟင်း မနက်ဖြန်ကျရင် ပန်းခြံသွားကြမလား ဘုန်း တဲ့။
သဘောကျလိုက်တာ။
ကောင်းသားပဲ လို့ ပြန်ဖြေခဲ့တုန်းက ပြန်ဖြေခဲ့ပြီးမှ အခုကျ ကျွန်တော် ရှက်နေပြန်ပြီ။

ရှက်ရှက်နှင့် အိပ်ရာထဲက ထထိုင်နေပြီး အခန်းအပြင်သို့လည်း မထွက်၊ရေလည်း မချိုးပဲ ငြိမ်ငြိမ်ကြီး ထိုင်ကာ ပြုံးနေမိလေသည်။

ဦးလေးကြီး ဦးလေးကြီး သူ ကျွန်တော့်ကို စိတ်ဝင်စားနေခဲ့တာ ကျွန်တော်လည်း ရိပ်မိသလိုလိုပါပဲ။

ဒါပေမယ့် သူက တွန်းလွှတ်လိုက်၊ဆွဲလိုက် ဖြစ်နေရာကနေ ဘာ့ကြောင့်များ ရုတ်တရက်ကြီး "ချစ်တယ် ဘုန်း "ဆိုပြီး ရည်းစား စကား လာပြောခဲ့တာပါလိမ့်။

သူ့ကိုယ်သူ ဆင်ခြင်မိသွားလို့လား?
ဒါမှမဟုတ် အဲဒီညက ကျွန်တော့် ကို ကြည့်ပြီး သူ့ရဲ့ ချစ်စိတ်တွေ ထိန်းမနိုင်၊သိမ်းမရ ပေါက်ပွားလာလို့များလား?။
အဟိ။

အိပ်ရာထက်ကနေ တွေးလို့ကောင်းနေတုန်း ငါးခြောက်ဖုတ်နံ့ပါ ရလာတော့ ကျွန်တော် မနေနိုင်တော့ ကောက်ညှင်းပေါင်း အဲလေ ဦးလေးကြီးကတော့ ကောက်ညှင်းချက်ပေါ့ အဲဒီ ကောက်ညှင်းချက်နဲ့ ငါးခြောက်ဖုတ်ကတော့ အရမ်းလိုက်ဖက်တာပဲ။‌ေတွးရင်း တွေးရင်း စားချင်စိတ်က တဖွားဖွားပေါ်လာလေသည်။သွားရည်ပင် ကျလာတော့မည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now