part (06)

4K 207 2
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး
အပိုင်း(၆)
ကျွန်တော် အလုပ်က ပြန်လာတော့ အိမ်ပိုင်ရှင်ဦးလေးကြီးရဲ့ ဆိုင်ရှေ့က ဖြတ်သွားရသည်။ဆိုင်ရှေ့ကို ကျွန်တော် ရောက်လု၊ရောက်ခင်မှာပဲ ဗြုန်းဆို ဆိုင်ဝန်းတံခါးကနေ လူတစ်ယောက် ထွက်သွားတာကို မြင်လိုက်ရသည်။

လမ်းမီးရောင်တွေနဲ့ သေသေချာချာ ကြည့်လိုက်တော့ အိမ်ပိုင်ရှင် ဦးလေးကြီးဖြစ်နေသည်။လက်ထဲမှာလည်း အထုပ်တွေက ဆွဲလာသေးသည်။
သူ တစ်ယောက်တည်း ထွက်လာတာ ဆိုတော့ နေ့လယ်က ကျွန်တော့်အကြောင်းပြောသည့် အစ်ကိုက အရင်အလုပ်ဆင်းသွားတာလား?။
ဒါမှမဟုတ်
အဲဒီအစ်ကိုက  ဆိုင်ကိုပဲ စောင့်ပြီး အိပ်ကျန်ရစ်ခဲ့တာလား?
ဪ ငါလည်း နော် ဦးလေးကြီးရဲ့ ဆိုင်အကြောင်း၊သူ့ဝန်ထမ်းအကြောင်းတွေ အတော်လေး တွေးမိနေတာပဲ လို့ တွေးကာ အတွေးတွေကို ရပ်ပစ်ဖို့ ကြိုးစားလိုက်သည်။

"ဦးလေးကြီး"

ကျွန်တော့်ခေါ်သံကြောင့် ကျွန်တော့်ရှေ့ကနေ လမ်းလျှောက်နေရာမှ နောက်ပြန်လှည့်ကြည့်သည်။

"ဟင် ဘုန်း
မင်းလည်း အခုမှ ပြန်လာတာပေါ့ ဟုတ်လား"?

"ဟုတ်တယ်ဗျ
ကျွန်တော်တို့ ဆိုင်က ညဘက်ပိုရောင်းရတာဆိုတော့ အလုပ်ဆင်းချိန် နောက်ကျတယ်။"

သဘောတူညီမှု လုပ်မထားပါဘဲနှင့် ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီးတို့ဘေးချင်းယှဉ်လျှက် လမ်းလျှောက်မိရဲ့သား ဖြစ်သွားကြသည်။
အင်းလေ။
ပြန်ရမည့် အိမ်က တစ်အိမ်တည်းပဲကို။

"ဒါနဲ့ ဒီနေ့က မင်းရဲ့ အလုပ်နားရက်မဟုတ်ဘူးလား"?

"ဟုတ်တော့ ဟုတ်တယ်ဗျ။
ဒါပေမယ့် ဆိုင်က နေ့လယ်စာနဲ့ ညနေစာ ထမင်းကျွေးတယ်လေ။
အဲဒါ ကျွန်တော့်အတွက်ပါလာမယ့်
ထမင်းချိုင့် သွားယူတာ"

"ဪ..."

အိမ်ပိုင်ရှင် ဦးလေးကြီး၏ ဪ ဆိုသည့် စကားလုံး၏ နောက်ဝယ် ဒီကောင်လေးနှယ် ထမင်းတစ်နပ်စာလေးကိုများ ဘတ်စ်ကားခ ကုန်အောင် သွားယူနေသေးတယ် ဆိုသည့် အတွေးတွေလည်း ပါလာတာကို ကျွန်တော် ကြားရသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now