part (02)

5.9K 284 13
                                    

အပိုင်း(၂)
မျက်လုံးနှစ်လုံး ပွင့်လာတာနဲ့ စိတ်က ဒီနေ့ ဒီအိမ်ကနေ ပြောင်းရတော့မယ် လို့ တွေးပြီး စိတ်ချမ်းသာသွားသည်။
အိပ်ရာထဲက ဖျတ်ကနဲ ခုန်ထပြီး အိပ်ရာခင်းတွေ၊ခြင်ထောင်တွေကိုပါ ခေါက်ပြီး မိုးကာ အိတ်ခပ်ကြီးကြီး ,ကြီး တစ်လုံးထဲသို့ ထည့်သိမ်းလိုက်သည်။
ယူသွားရမည့် ပစ္စည်းတွေ မဟုတ်လား?။

ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။အိမ်ရှင်တွေကလည်း အတူတူ သုံးတာမို့ ခပ်သွက်သွက်ကလေး ရေချိုးရသည်မှာ အကျင့်လို ဖြစ်နေ‌ေချပြီ။

အခုနေသည့် အိမ်က အိမ်ရှင်တွေက သဘောလည်း ကောင်းသည်။
သန့်ရှင်းသပ်ရပ်မှုလည်း ရှိပေမယ့် မိသားစုများသည်။
မနက် ရေအိမ်တို့ ရေချိုးရတာတို့မှာ မြန်မြန် ပြုလုပ်ရသည်။
ပြီးတော့ မီးဖိုချောင်ကိုလည်း သုံးခွင့်မရှိပေ။

ကျတော်တို့ နယ်မြို့လေးမှာ နေစဉ်ကလို ခြံဝန်းမရှိတာ၊ရေကို စိမ်ပြေနပြေ မချိုးရတာ၊ရေအိမ် ကို ဖြောင့်ဖြောင့် မသုံးရတာ တွေနှင့် အသားမကျလို့ မကြာခဏ ကြိတ်ပြီး ငိုခဲ့ရသည်။

အခုတော့....
အိမ်အသစ် ကို ပြောင်းနေရတော့မည်။
အိမ်ရှင်ကလည်း ကျတော့်လို အမျိုးသား တစ်ယောက်ဖြစ်နေသည်။
ပြီးတော့ ခြံဝန်းကျယ်ကျယ်လေးလည်း ပါသလို၊ရေအိမ်တွေ ရေချိုးခန်းတွေကလည်း သပ်သပ်ရပ်ရပ် ရှိသည်။

"မီးဖို သုံးချင် သုံးလေ"

လို့ ပြောလိုက်သည့် အိမ်ခန်းပိုင်ရှင် ဦးလေးကြီး၏ အသံကို ပြန်လည်ကြားယောင်ကာ ပျော်လွန်းလို့ ထပင် ခုန်လိုက်မိသေးသည်။

"ဟေး"

ဟင်းချက်စားရတော့မည်။
ညဘက်၊ညဘက် အလုပ်က ပြန်လာရင် ဟင်းထုပ်၊ထမင်းထုပ်လေးတွေ ဆွဲလာကာ ပြန်လာစရာ မလိုတော့။

တခါတလေ ကြက်ဉထမင်းကြော်လေး ကြော်စားလို့ ရမည်။
ပြီးတော့ ခရမ်းချဉ်သီးလေး ဘာလေးထောင်းစားမည်။
ခရမ်းချဉ်သီးဆိုမှ ခရမ်းသီး မီးဖုတ်ထောင်းသုပ်ကိုပါ သတိရသွားမိသည်။သွားရည်ကျရ ချည်ရဲ့။

"အို....ဟင်းချက်စားရုံတင် ဘယ်က မှာလဲ။ပိတ်ရက်ကျ မုန့်ဟင်းခါး လည်း ချက်စားမယ်။အုန်းနို့ ခေါက်ဆွဲ၊ရွှေတောင်ခေါက်ဆွဲ၊ပဲနို့ခေါက်ဆွဲ၊
ကြာဇံဟင်းခါး၊
တို့ဟူးလေး ကိုယ်တိုင်ကြို၊
ဆီချက်လေး ချက် တောတို့ဟူးသုပ်လေး သုပ်စား
ဘယ်လောက်များ ကောင်းလိုက်မလဲ။"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးOù les histoires vivent. Découvrez maintenant