part (11)

3.3K 162 3
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး
အပိုင်း(၁၁)
ကျွန်တော် ဦးလေးကြီးမင်း‌ေရာင်ခန့်၏ မျက်နှာကို မယုံနိုင်သလို မော့ကြည့်လိုက်မိသည်။
ဦးလေးကြီးမင်း‌ေရာင်ခန့်က ကျွန်တော့်မျက်နှာကို အလေးအနက်ထားကာ ငုံ့ကြည့်နေတာကို မြင်လိုက်ရသည်။

"အမှန်တော့
မင်းကို စ,တွေ့ကတည်းက သဘောကျနေမိတာပဲ ဘုန်း။"

ပြောနေရင်းက ခဏရပ်သွားပြန်သည်။ကျွန်တော်ကတော့ အခု ကြင်နာလိုက် ခဏနေကျ ညိုညင် လိုက် လုပ်တတ်တဲ့ ဒီလူကြီးကို မယုံကြည်နိုင် ဖြစ်နေရပါပြီ။

"သဘောကျ လွန်းလို့
ဦး ကိုယ် ဦးတောင် စိတ်တိုမိသလိုပါပဲ"

သူ့ကိုယ်သူ စိတ်တိုတာတဲ့လေ။
ဟုတ်မှ ဟုတ်ပါ့မလား?
သူ့အရင်တုန်းက အတိတ်ဆိုးက လူတစ်ယောက်ကြောင့် နာကျင်နေတာ မဟုတ်လား?။
အဲဒီနာကျင်မှုဟာ မပျောက်သေးဘူး။
အနည်ထိုင်နေရုံပဲ ရှိ‌သေးတယ် ထင်သည်။

ဒါပေမယ့်
ကျွန်တော် က ဦးလေးကြီးမင်း‌ေရာင်ခန့်ကို အဲဒီနာကျင်မှုတွေကနေ ရုန်းထွက်လာစေချင်သည်။
ပျော်ရွှင်လာစေချင်သည်။

"မနက်ဖြန် ဆိုင်ပိတ်လို့ ရလား
ဦးလေးကြီး"

"ဟင်"

ဒီတစ်ခါ အံ့ဩသွားတာက ဦးလေးကြီးမင်း‌ေရာင်ခန့်ပင် ဖြစ်သည်။

"ရ....
ရပါတယ် ဘာလို့လဲ ဟင် ဘုန်း"

"ကျွန်တော့်ကို ချစ်နေတာ မဟုတ်လား"?

"ဟုတ်တယ်......
ဘာလို့လဲ
ဘုန်းက ဦးနဲ့ တစ်နေရာရာ သွားမလို့လား"?

"ဟုတ်တယ်။ဘာလို့လဲ
မရဘူးလား"?

"ရပါတယ် ဘုန်းရယ် ရတာပေါ့။
ဦး စီစဉ် လိုက်မယ်လေ။
ဒါနဲ့ ဘုန်းက ဦး အချစ်ကို လက်ခံတာလား?လက်မခံတာလား?

ကျွန်တော် ဦးလေးကြီးမင်း‌ေရာင်ခန့်ကို တအံ့တဩ ကြည့်လိုက်မိပြီ။
ဒီလူကြီး တုံးတာလား?
ဒါမှ မဟုတ် ကျွန်တော့် ပါးစပ်ကနေ သူ့ အချစ်ကို လက်ခံပါတယ်လို့ ပြောတာကို ကြားချင်တာလား?
တစ်ခုခုတော့ တစ်ခုခုပင် ဖြစ်သည်။

သို့သော်

ကျွန်တော်က ပါးစပ်ကနေ ဝန်မခံချင်သေးပေ။
အလကားနေရင်း အလကား အပြောအဆို ခံထားရသူ မဟုတ်လား?။
ထို့ကြောင့် ဦးလေးကြီးမင်း‌ေရာင်ခန့်ကို စောင့်ဆိုင်းခိုင်းပြီး ညှင်းဆဲ ထားချင်သေးသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now