part (18)

2.5K 138 4
                                    

တွေးရင်း၊တွေးရင်းနှင့် လမ်းဆက်လျှောက်လာခဲ့ရာ လမ်းမီးရောင် ပျပျလေး၏အောက်၌ ဆိုင်ထဲမှ ထွက်လာသည့် ဦးလေးကြီး မင်းရောင်ခန့်ကို မြင်လိုက်ရလေသည်။

"အဟင်း"

ကျွန်တော့်ပြန်အလာကိုပဲ သူစောင့်နေတာလား?။ဒါမှမဟုတ် ကျွန်တော် ပြန်လာချိန်နှင့် ဦးလေးကြီးမင်းရောင်ခန့်၏ ဆိုင်ပိတ်ချိန်ကပဲ ကွက်တိကျကျကြီး တိုက်ဆိုင်နေသည်လား မပြောတတ်။

ကျွန်တော်ကတော့ ကိုယ်ချစ်ရသည့် လူတစ်ယောက်နှင့် အတူ ခြေလှမ် တစ်လှမ်း ၊နှစ်လှမ်းလေးပဲဖြစ်ဖြစ် အတူတူ လျှောက်ချင်လှသည်။

ဒါမှမဟုတ် ကျွန်တော့်ဆုတောင်းတွေ ပြည့်နေတာများလား?။

"ဘုန်း ကို စောင့်နေတာ"

အပိုင်း(၁၈)


လက်စသတ်တော့ ဦးလေးကြီးမင်းရောင်ခန့်က ကျွန်တော့်ကို စောင့်နေတာကိုး။
ဘာမှ ကြီးကျယ်သော ကဗျာလည်း မဟုတ်၊သီချင်း လည်း မဟုတ်ပါပဲ ကျွန်တော့်ကို စောင့်နေတာ ဆိုသည့် စကားလေးကြောင့်ပဲ ကျွန်တော့် နှလုံးသားထဲသို့ သကြားရည်လေး သွန်းလောင်းလိုက်သလို ချိုမြငြိမ်းချမ်းသွားစေသည်။

ဪ ဦးလေးကြီး မင်းရောင်ခန့်လည်း ကျွန်တော့်လိုပါပဲ လား?။ဒီလို ညရဲ့ လရောင်အောက်မှာ အင်း မဟုတ်သေးပါဘူး မှိန်ပျပျ လမ်းမီးရောင်လေး အောက်မှာ ခြေလှမ်းလေး အနည်းငယ်ကို ကျွန်တော်နှင့် အတူတူ လျှောက်သွားချင်နေတာပဲ ဆိုသည့် အတွေးက နှလုံးသွေးတွေကို ဖျတ်ဖျတ်ခါသွားအောင် စီးဆင်းသွားစေသည်လေ။

ကျွန်တော်  သူ့ကို မော့ကြည့်‌လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ကျွန်တော့်ကို ပြုံးပြုံးလေးနှင့် ငုံ့ကြည့်နေလေသည်။

အတူတူယှဉ်ပြီး လမ်းလျှောက်နေရာက ကျွန်တော့်ဘက်သို့ တိုးလာပြန်သည်။
မထိတထိ ဖြစ်နေသော ဦးလေးကြီး မင်းရောင်ခန့်၏ ညာဘက်လက်က ကျွန်တော့် ဘယ်ဘက် လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်လေသည်။

"နောက်ဆို
အဟမှး ဟမှး
............
ဦး ဘုန်း အတွက် ကားလေး တစ်စီး ဝယ်ပေးမယ်လို့ စိတ်ကူးထားတယ်"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now