part (23)

2.3K 110 3
                                    

ဘယ်လိုပဲ ဟိုဟို၊ဒီဒီတွေကို စိတ်ရောက်နေခဲ့ပေမယ့် လူဆိုတာ ဗိုက်ဆာလာတဲ့ အချိန်မှာတော့ ဘယ်စိတ်မှ မဖြစ်နိုင်ပါဘူး။
ခုလည်း ကြည့်လေ ဟိုစိတ်၊ဒီစိတ်တွေ ထ,ဖြစ်လို့ ကိုယ့်ကို ကိုယ် ဒေါသတွေထွက် ၊ဒေါသတွေ ထွက်မိလို့ ဝမ်းနည်းရတယ်။ဝမ်းနည်း ပြီးတော့ ထွက်ပေါက်ရှာတဲ့ အနေနဲ့ ဦးလေးကြီး မင်းရောင်ခန့်ကို စွပ်စွဲတယ်။
ဟောကြည့် ခုဆို ဦးလေးကြီး မင်းရောင်ခန့်တောင် ရှက်ပြီး သူ့အခန်းထဲ သူဝင်နေသလား မသိ။
အပြင်မှာ တိတ်ဆိတ်လို့ရယ် ......

တစ်ကယ်ဆို
ကျွန်တော်က ဦးလေးကြီးကို ချစ်နေတဲ့ သူပဲ။ကိုယ်ချစ်ရတဲ့ ချစ်သူကြီးကို နှုတ်ခမ်းလေးကို ငေးမိတာနဲ့တင် စိတ်ထဲက ပစ်မှားချင်စိတ်တွေ ဖြစ်မိတာပေါ့။

ခုတော့ မနေ့ညက လည်း တစ်ညလုံး မအိပ်ရသေးချေ။အိပ်ချင်ယောင်သာ ဆောင်နေရတယ်။
မမြင်သင့်တာကို မြင်ပြီး မတွေးသင့်တာတွေ တွေးမိလို့ ကိုယ့် ကို ကိုယ် ဒေါသထွက်ရ၊စိတ်ညစ်ရ၊ဝမ်းနည်းရနဲ့ သံသရာ လည်ပြီးသကာလ အချိန်တန်တော့ ဗိုက်ဆာလာလေသည်။

သို့နှင့် ဘယ်လိုမှ မနေနိုင်သည့် အဆုံး၌
အခန်း အပြင်သို့ တိတ်တိတ်လေးထွက်ကာ ဦးလေးကြီး မင်းရောင်ခန့်ကို ရှာကြည့်မိသည်။

ရေချိုးခန်းထဲမှာလည်း မရှိ၊
မီးဖိုခန်းထဲ၌လည်း မရှိ၊
နောက်ဖေးခြံထဲ၌လည်း မရှိ၊
ဒါဆို သေချာပြီ ဦးလေးကြီး မင်းရောင်ခန့် သူ့အခန်းထဲ သူ ရှိနေလိမ့်မည်ဟု တွေးကာ

ဝမ်းသာအားရဖြင့် မီးဖိုထဲသို့ ပြေးထွက်လာခဲ့လေသည်။

မီးဖိုထဲသို့ ရောက်သည်နှင့် ကောက်ညှင်းဆန်ကို ပထမအကြိမ် ချက်ဖို့ ရေဆေးကာ ပေါင်းအိုးထဲသို့ထည့်ပြီး အရင်ဆုံး ပေါင်းလိုက်သည်။

ပေါင်းအိုးကို ခလုတ်နှိပ်ပြီးသည်နှင့် အကြော်မှုန့်ကို ရေနှင့်စပ်လိုက်သည်။
ပြီးတော့ ကြော်စရာ အသီးအနှံ အစုံကြားထဲကမှ ခရမ်းသီးကို အရင်ဆုံး အလုံးလိုက် ရှစ်စိပ် စိပ်ပစ်လိုက်သည်။

"ကောင်းတယ်
ငါ့ကို ဒုက္ခပေးချင်အုန်း။
ခုတော့ အကြော်ဖြစ်တော့မယ် ရှင်းလား?
မရှင်းရင် နှစ်ခါ ပြန်ဖတ် ဟီဟီး"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now