part (09)

3.5K 182 17
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၉)
"ချလောက်"
အခန်းတံခါး ဂျက်ဖွင့်သံနှင့်အတူ တံခါးက ပွင့်လာပြီး အိမ်ငှားကောင်လေး ထွက်လာသည်။
မျက်နှာ မှုန်တေတေလေး နှင့် ထွက်လာပြီး ကျွန်တော့်ကို ဘာ စကားမှ မပြောပဲ ထမင်းစားပွဲ၌ ဝင်ထိုင်သည်။

မနက်က ကိုယ့်ဒေါသနှင့် ကိုယ် သူ့ကို သွားပြီး စကားမှားထားမိသဖြင့် ကျွန်တော် ကလည်း သူ့ကို စကားရော ဖောရော မလုပ်ရဲသေး။

လူငယ်ဆိုတော့ စိတ်ကောက်နေတာတောင် ကျွန်တော့် ထမင်းပန်ကန်ထဲသို့ ကြောင်လျှာသီးနှင့် ပုစွန်ဆိတ် ဟင်းကို ခပ်ထည့် ပေးပြီး ဦးချ ‌သည်။

ဘာပဲ ဖြစ်ဖြစ် သူ ့ကို ချော့ဖို့ ၊တောင်းပန်ဖို့ ချက်ပြုတ်စီမံထားသည့် ထမင်းဝိုင်းလေးမို့ သူထွက်လာပြီး စားပေးတာနှင့်ပင် ပျော်နေရသည်။
သူ စိတ်ကောက်ပြေသွားသည့် သဘော မဟုတ်လား။

ကြည့်ရင်း၊ကြည့်ရင်း အားပါးတရ စားနေတာကို မြင်တော့ ဟင်းတွေ ခပ်ပြီး ထည့် ထည့်ပေးနေမိသည်။သဒ္ဒါစရာ ကောင်းလောက်အောင်ကို မြိန်ရေ ယှက်ရေ စားနေရှာသည်။
နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင်က စာဖိုမှူး လို့ တောင် ထင်ရက် စရာ မရှိပေ။

"ရော့ စား
ဒါလေးလည်း ကောင်းတယ်။
ဖြည်းဖြည်းလည်း စားအုံး"

"ဟုတ်ကဲ့"

ကန်စွန်းရွက် သုပ်တွေပါ အိမ်ငှားကောင်လေး၏ ထမင်းပန်ကန်ထဲသို့ ခပ်ထည့်ပေးလိုက်သည်။

"ဦးလေးကြီးလည်း ဟင်းချက်ကောင်းသားပဲ"

"သာမန် လက်ရာပါပဲ။
စားကောင်းလို့လား"?

"စားကောင်းတယ်။
ဒါနဲ့ ဘာဖြစ်လို့ ကိုယ်တိုင် ချက်မစားပဲ ဝယ် စားခဲ့တာလဲ"?

အိမ်ငှားကောင်လေး၏ စကားကြောင့် ရင်ထဲမှာ ခံစားချက်တွေ မကောင်းဘူး ဖြစ်သွားရသည်။

ဘာကြောင့်၊ညာကြောင့် ရယ်လည်း ရှင်းပြလို့ မရသည့် ခံစားချက်ရယ်ပါ။

အတိတ်ဆိုး တစ်ခု လုံးကို ရင်နာနာနှင့် ပြောပြလိုက်ရင် နောက်ထပ်တစ်ခါ နာကျင်ရပေလိမ့်အုံးမည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now