part (05)

4.4K 235 3
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၅)

ကျွန်တော် အဝတ်အစား လဲဝတ်ပြီးတော့ အခန်းထဲက ထွက်လာကာ မီးဖိုခန်းထဲသို့ ရပ်ကြည့်လိုက်သည်။

အိမ်ငှားကောင်လေးက ထမင်းပွဲ ပြင်ပြီးပြီ။သူကိုယ်တိုင်လည်း ထိုင်ခုံ၌ ထိုင်နေလေသည်။ကျွန်တော့်အလာကို စောင့်နေဟန်ရှိသည်။

ကျွန်တော်လည်း အစောက အဖြစ်အပျက်ကြောင့် ရှို့တို့ရှန်တန့် ဖြစ်နေပေမယ့် မီးဖိုခန်းထဲက ထွက်လာသည့် ဟင်းအနံ့တွေကြောင့် ဗိုက်လည်း ဆာနေပြီ။

ခပ်တည်တည်ပဲ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ချောင်းဟန့်သံပေးလိုက်သည်။

"အဟမှး အဟမှး"

ချောင်းဟန့်သံကို ကြားတော့ ကျွန်တော့်ကိုလှည့်ကြည့်သည်။

"ဟော လာလေ ဦးလေးကြီး။
ကျွန်တော် ထမင်းတွေပါ ခပ်ထည့်ထားပြီဗျ"

ခပ်တည်တည်နှင့် အခန်းထဲကို ဝင်ချသွားပေမယ့် စောစောက ကျွန်တော့်ကိုကြည့်ပြီး လန့်အော်လိုက်သည့် အိမ်ငှားကောင်လေးကို ‌ဘာလို့လန့်တာလဲ ယောက်ျား အချင်းချင်းကြီးကို ဟု ပြောချင်နေမိသည်။

ထမင်းစား စာပွဲမှာ ကျွန်တော်ဝင်ထိုင်လိုက်သည်နှင့် အိမ်ငှားကောင်လေးက ကျွန်တော့် ပန်ကန်ထဲသို့ ဟင်းတွေခပ်ထည့်နေလေသည်။

"ဟင်းတွေကတော့ အနံ့နဲ့တင် သွားရည်ကျနေပြှီကွာ ဇွန်းခက်ရင်းနဲ့ မစားတော့ဘူး လက်ဆေးလိုက်အုံးမယ်"

"အဟင်း
ဟုတ်တယ် ဗျ၊ ဦးလေးကြီး ကျွန်တော်လည်း လက်နဲ့ စားမယ်ဆိုပြီး လက်ဆေးထားတာ ဟဲဟဲ"

ကျွန်တော်လည်း ဘေစင်ရှိရာသို့ လမ်းလျှောက်လာရင်း စကားကို ဆက်သည်။

"ဒါနဲ့
ယောက်ျားလေးတွေ အများကြီး စုပြီး နေရတဲ့ အဆောင်တွေမှာ မနေဖူးဘူးလားဟင် ဘုန်း"?

..............
ဦးလေးကြီး ဘာဖြစ်လို့ အဲဒီလို မေးနေတာလဲ ဆိုတာကို ကျွန်တော်သိသည်။
အစောက သူ၏ အပေါ်ပိုင်း ဗလာကျင်းထားသည့် ရေချိုးခန်းထဲက ထွက်လာသည့် ပုံစံကို ကျွန်တော်က အလန့်တကြား ထ,အော်တာကြောင့်ပင် ဖြစ်ပေမည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now