part(27)

2.2K 111 3
                                    

အပိုင်း(၂၇)
ဘာပဲဖြစ်ဖြစ် ဘုန်းဇေယျာနှင့် အတူတူ ညအိပ်နေကျ ဖြစ်တာကြောင့် ဘုန်းဇေယျာ သူ့အမေနှင့် အတူတူ သွားအိပ်သည့် ထိုညက ကျွန်တော် တစ်ယောက်တည်း တော်တော်နှင့် အိပ်မပျော်နိုင်တာကို ဝန်ခံရပေမည်။
ညက တော်တော်နှင့် အိပ်မပျော်ပေမယ့် အနက်ကျပြန်တော့လည်း အစောကြီး နိုးနေလေသည်။

မနက်(၄) နာရီလောက်ကြီး နိုးလာတာမို့ ပြန်လည်း အိပ်မရမည့် အတူတူ ထမင်းထချက်လိုက်သည်။
ဘာပဲ ဖြစ်ဖြစ် ဒီနေ့ စိုးမီမီတို့ သားအမိလည်း လာလိမ့်မည်။
ဘုန်းဇေယျာ၏ အမေလည်း ရှိနေသည်ဆိုတော့ ခါတိုင်းထက်တော့ ထမင်းပိုချက်ရလိမ့်မည်။

တစ်လက်စတည်း ဆိုင်က ထွန်းထွန်းကိုပါ နေ့လယ်စာ ကျွေးချင်စိတ်ပေါက်သွားသည်
ထမင်းပိုချက်ရမည့် အတူတူ တစ်ယောက်စာလေး ပိုချက်ရတာ ဘာမှ အပန်းမကြီးပါဘူး လို့ တွေးလိုက်မိသည်။
ပြီးတော့ ထွန်းထွန်းတို့မှာက ကြွယ်ပိုးကြွယ်ဝ လည်း မဟုတ်တော့ ဟင်းကောင်း၊ဆန်ကောင်းလေးများ စားရရင် ပျော်နေတတ်ကြသည်။

"အင်း ထွန်းထွန်းကိုတော့ အိမ်မှာပဲ ခေါ်ကျွေးလိုက်မယ်။သူ့မိသားစု အတွက်တော့ ဟင်းတွေပဲ ထည့်ပေးလိုက်ပါ့မယ်လေ"

လို့ တစ်ယောက်တည်း စီမံခန့်ခွဲနေမိသည်။
ထမင်းကျက်သွားသော အခါ အနီးနားရှိ ရပ်ကွက်ဈေးလေး ဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့လေသည်။

ဘာပဲ ဖြစ်ဖြစ် အိမ်မှာ ဧည့်သည်လည်း ရောက်နေတာ ဆိုတော့ ဖွယ်ဖွယ်ရာရာ၊စိုစို၊ပြေပြေလေးတွေ ချက်ပြုတ်ကျွေးချင်နေမိသည်။
ပြီးတော့ ဧည့်သည်ကလည်း တစ်ခြားသူမဟုတ်ပေ။ချစ်ရသည့် ချစ်သူလေး၏ အမေ ကျွန်တော့် ယောက်ခမလောင်းကြီးပင်။

"ဘာဟင်းချက်စားရင် ကောင်းမှာလဲ"?

တွေးရင်း၊စဉ်းစားရင်း အာလူး‌တွေ လှတာနှင့် ဝယ်လိုက်မိသည်။

အားလူးကတ်သလိတ်ကြော် ကြော်ရမည်ဟု စိတ်ထဲတေးမှတ်ထားလိုက်သည်။

ပုစွန်ထုပ်ကြီးတွေ လှတာ မြင်တော့လည်း ဝယ်မိပြန်သည်။ပုစွန်ထုပ် ဆီပြန်ဟင်း ချက်ရမည်ဟု တွေးလိုက်ပြန်သည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now