part (13)

3K 162 19
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၁၃)
ကျွန်တော် တောင်ကြည့်၊မြောက်ကြည့်လုပ်နေတုန်းမှာပဲ ဦးလေးကြီး မင်းရောင်ခန့်က ပန်းသီးလေးတွေကို အခွံခွာလိုက် အစိပ်လေးတွေ စိပ်လိုက် လုပ်နေလေသည်။

မတ်တက်ရပ်ရတာ ညောင်းလာတော့ ကျွန်တော်လည်း ဦးလေးကြီး မင်းရောင်ခန့် ထိုင်နေသည့် ဖော့ဖျာပေါ်သို့ ဝင်ထိုင်လိုက်လေသည်။

ပြီးတော့ ဖုန်းကို ထုတ်လိုက်သည် ။ဖုန်းကို ထုတ်ပြီးမှ ဦးလေးကြီး မင်းရောင်ခန့်ကို ကျွန်တော်က ဖုန်းမစွဲပါဘူး လို့ ပြောထယးသည်ကို ပြန်သတိရလိုက်မိသည်။

ဖုန်းကို အိတ်ထဲသို့ ပြန်ထည့်ကာ ဦးလေးကြီး ယူလာသည့် စာအုပ်တွေကို လှန်လှော ကြည့်လိုက်မိလေသည်။

"ဘာတဲ့ လမင်းမိုမိုတဲ့။
ပုညခင် တဲ့။
လရောင်ကျူးရင့်တဲ့
ဆုခြည်ကို တဲ့
ဟင်
ဦးလေးကြီးဟာကလည်း အချစ်ဝတ္ထုစာအုပ်တွေ ချည်းပဲ"

"ဪ ရည်းစားနဲ့ ချိန်းတွေ့တာကို အချစ်ဝတ္ထုတွေ ယူမလာလို့ စာကြီး ပေကြီး တွေ ယူလာရမှာလား ဘုန်းရဲ့။
မင်း ရည်းစားနဲ့ ပန်းခြံထဲမှာ လာချိန်းတွေ့နေတာနော်"

ဦးလေးကြီး မင်းရောင်ခန့်က ပန်းသီးစိပ်တွေကို ပလတ်စတစ် ဗူး အကြည်လေးထဲ ထည့်တာကို လက်စသတ်လိုက်သည်။

သူပြောချင်ရာ ပြန်ပြောနေရင်းကနေကောက်ညှင်းပေါင်း ချိုင့်ကြီးကို ဖွင့်ချလိုက်လေသည်။

ထွက်လာသည့် ကောက်ညှင်းပေါင်းနံ့၊ငါးခြောက်ဖုတ် နံ့တွေကြောင့် ကျွန်တော့်မှာ သွားရည်ပင် ကျလာလုလု ဖြစ်ရသည်။

"အား အခုမှ ဆာလာသလိုပဲ။
ဪ ရည်းစား မဟုတ်သေးပါဘူးနော် ဦးလေးကြီး။
ဦးလေးကြီးကို ကျွန်တော်ကမှ အဖြေမပေးရသေးတာ"

"ဟမ်
ဟုတ်ပါပြီလေ ထားလိုက်ပါတော့။
ရော့ စား ကုန်သွားရင် ရှိသေးတယ်။အပိုထည့်လာသေးတယ်"

ကောက်ညှင်းပေါင်း ချိုင့် ၁ဆင့်ကို ကျွန်တော့်လက်ထဲသို့ လှမ်းပေးလိုက်လေသည်။

ဆိုင်မှာ တရုတ်စာအမျိုးမျိုးနှင့် ယခုခေတ်စားနေသည့် ထိုင်းအစားအစာ မီနူးအသစ် အမျိုးမျိုး ကို စားနေရပေမယ့် အခုလို ပဲကောက်ညှင်းပေါင်းလေးကို ငါးရံ့ခြောက်ဖုတ်နှင့် ဆီရွှဲရွှဲလေးဆမ်းပြီး မစားရသည်မှာ နယ်ကတက်လာကတည်းကပင်ဖြစ်သည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now