part (25)

2.2K 123 10
                                    

အပိုင်း(၂၅)
"မောင် မင်းရောင်ခန့်က ဘာအလုပ် လုပ်သလဲကွဲ့"

"ကျွန်တော် ပန်းပင်လေးတွေ ရောင်းပါတယ် ခင်ဗျ။သီးပင်တွေရောပေါ့။ဒီလမ်းထိပ်မှာတော့ ပန်းဆိုင်လေး ဖွင့်ထားပါတယ်။အမှတ်တရ ပန်းစည်းတွေလည်း ဝန်ဆောင်မှုပေးပါတယ်"

"ဪ.......ဝါသနာပါရင်တော့ မဆိုးပါဘူးကွယ်။"

"ဟုတ်ကဲ့ အန်တီ။
ဝါသနာလည်း ပါပါတယ်ဗျ။
စီးပွားရေးအနေနဲ့တော့ သူဌေးမဖြစ်နိုင်ပေမယ့် ၊
ဖောက်သည်လေးတွေ ရလာတော့ အဆင်ပြေလာပါတယ်ဗျ"

"မိဘတွေကရော"

"မိဘတွေ ဆုံးပါးသွားကြတာ ကြာပါပြီ ခင်ဗျာ"

"ဪ........။
မိဘတွေ ရှိစဉ်အခါကရော ဘာအလုပ်တွေများ လုပ်ကြလဲ"?

"မိဘတွေကတော့ ဝန်ထမ်းမျိုးရိုးပါ။
အမေက ကျောင်းဆရာမ၊အဖေကတော့ ဘဏ်ရုံးဝန်ထမ်းပါ"

"ဪ ဝန်ထမ်းတွေပဲနော်။
ဒါ့ထက် မောင်နှမတွေရော ရှိကြသေးလားကွဲ့"

"ညီမလေး တစ်ယောက်တော့ ရှိပါတယ် အန်တီ ၊အိမ်ခြံမြေ ၊ကား၊အကျိုးတောင် တစ်ယောက်နဲ့ အိမ်ထောင်ကျနေပါပြီ"

"အင်း
မောင်မင်းရောင်ခန့်လည်း အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်နေပါပြီ။
ငယ်မှ မငယ်တော့ပဲ"

"ဟုတ်ကဲ့ဗျ"

ဟုတ်တာပေါ့ အန်တီရယ်။
အဲဒီအတွက်ကြောင့်ပဲ အန်တီ့ကို အန်တီ့သားက လှမ်းခေါ်လိုက်တာလေ။ပြီးတော့ အန်တီ့သားမက္ ဖြစ်လာမယ့်ကျွန်တော်က အန်တီ့ကို ကားကြီးဝန်းထိလာကြိုတာပေါ့ လို့ စိတ်ထဲက ပြောနေမိသည်။

ထမင်းစားပြီးကြပြီးချိန်မို့ ဘုန်းက စားပွဲဝိုင်း၌ အချိုတည်းရန်အတွက် အသီးတွေ နွှာနေသည်။ကျွန်တော်ကတော့ ပန်းကန်တွေ ဆေးကြောနေသည်။

သားမက္ဖြစ်လာမည့် သူမို့ထင်သည်။အသီးတွေ လှီးနေသည့် ဘုန်းဇေယျာ အနီးသို့ မသွားပဲ  ပန်းကန်တွေဆေးကြောနေသည့်
ကျွန်တော့် အနားမှာ လာပြီး စကားစမြည်ပြောနေလေသည်။

"အန်တီပြောတာ ကြားရဲ့လား မောင်မင်းရောင်ခန့်"

"ဗျာ
ဗျာ
အန်တီ ဘာပြောလိုက်တာလဲဗျ"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now