Part-4.1

544 84 0
                                    

Chapter 4.1

ပါတီပွဲက မျှော်မှန်းထားသည်ထက် စောစီးစွာ ပြီးဆုံးခဲ့သော်လည်း လေယာဉ်က နောက်ကျခဲ့သည်။

ကျိုးကျင်ဟမ့်က စောင့်ဆိုင်းခန်းထဲတွင် တစ်ရေးတစ်မော အနားယူနေခဲ့သည်။ သူ နိုးလာချိန်တွင်လည်း လေယာဉ်ပေါ်မတက်ရသေးပေ။ နက်ကတိုင်ကို အနည်းငယ် ဖြေလျော့လိုက်ပြီးနောက် စားပွဲကိုခြေထောက်ဖြင့်ဆောင့်ကန်ကာ သူ၏လက်ထောက်ရှောင်လင်းကို လက်မှတ်သွားလဲခိုင်းလိုက်သည်။

ရှောင်လင်းက ကောင်ဝာာရှိရာသို့ပြေးသွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြန်လာသည်။

" လေ‌ယာဉ်တွေအားလုံး နောက်ကျနေပါတယ် လက်‌မှတ်ပြောင်းရင်လည်း ဘာမှမထူးတော့ပါဘူး..."

ကျိုးကျင်ဟမ့်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားတော့သည်။

" ကျည်ဆန်ရထားဆိုရင်ရော..."

ရှောင်လင်းက သူ့ဖုန်းတွင် ရှာဖွေလိုက်ပြီးနောက် ပို၍တုန်ယင်လာသည်။

" ကျည်ဆန်ရထားတော့ရှိပေမယ့် အဲဒါစီးဖို့ဆို တောင်ပိုင်းရထားဘူတာရုံကို သွားရမှာ... အဲဒါနဲ့ဆို အက်စ်မြို့ကိုရောက်ဖို့ ၆နာရီလောက်ကြာမှာ ဒီမှာပဲ လေယာဉ်စောင့်နေတာ ပိုကောင်းမယ်ထင်တယ်..."

ကျိုးကျင်ဟမ့်က သူ့ကိုဖြတ်ပြောလိုက်သည်။
" ကောင်းပြီလေ မင်းသွားတော့... ငါ့ဘာသာငါစောင့်နေလိုက်မယ်..."

ရှောင်လင်း စိတ်အေးသွားသည်။
" တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်ပါ..."
ထို့နောက် တစ်ချိုးတည်းထွက်ပြေးတော့သည်။

ကျိုးကျင်ဟမ့် နောက်ထပ်တစ်နာရီခန့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးသောအခါ လေယာဉ်ကနောက်ဆုံးတွင် ထွက်ခွာသွားဝော့သည်။

သူ အက်စ်မြို့သို့ရောက်သည့်အခါ မိုးရွာနေဆဲဖြစ်ပြီး မြူဆိုင်းနေပေသည်။ မြို့ရှေ့ပိုင်းမှ ဗီလာသို့သွားရန် တက်စီငှားလိုက်သည်။ အချိန်အတန်ကြာ တံခါးခေါက်နေသော်လည်း မည်သူမှ လာမဖွင့်ပေ။ ထိုအခါမှသာ ဤအိမ်စောင့်ကို မကြာသေးမီအချိန်က သူ အလုပ်ဖြုတ်ခဲ့ကြောင့် ဝိုးတဝါးသတိရသွားသည်။  ထို့အပြင် အရူးလေးက ဤအချိန်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမည်ဖြစ်သည်။

မျောလွင့်နေသောပြာမှုန်များ On viuen les histories. Descobreix ara