Part-33.2

220 24 0
                                    

Chapter 33.2

ဒိုရာဟမ်ဟမ်ဆီမှ ပြန်စာမရပဲ မိနစ်အနည်းငယ်ကြာပြီးမှ ယီဟွေ့သည် သာမန်ရုံးဝန်ထမ်းလေးတစ်ယောက်က movie set သို့မဟုတ် idol နှင့်ပတ်သက်သည့်တစ်စုံတစ်ခုကိုနားမလည်နိုင်ဟုတွေးမိသွားသည်။

သူ အဓိပ္ပါယ်ကိုစိတ်အားထက်သန်စွာရှင်းပြတော့မည့်ဆဲဆဲ သူ၏ဖုန်းကတုန်ခါလာသည်: မင်းရော? သူ့(ကျိုးကျင်ဟမ့်)ကိုဘယ်လိုထင်လဲ

ယီဟွေ့ တောင့်တင်းသွားသည်၊ ကြုံရာမေးခွန်းဟူ၍လျစ်လျုရှုထားလိုက်သော်လည်း သူပထမဆုံးမှတ်မိလိုက်သည်က တောင်ခြေရှိစတိုးဆိုင်တံခါးမကြီးတွင်အနှီသူပြောခဲ့သည့် "မင်းကိုယ့်ကိုသဘောကျတယ်လို့ပြောခဲ့တယ်" ဆိုသည့်စကား။

နားထောင်ရသည်မှာခါးသက်လွန်းပြီးယခု ပြန်တွေးကြည့်လျှင်စိတ်ရှုပ်စရာကောင်းသည်။

အနှီသူအားသဘောကျသည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သူတွေးရန်လိုအပ်နေသည့်မေးခွန်းမျိုး ထပ်မဟုတ်တော့ပေ။ ယီဟွေ့သည်အတွေးများကိုစုစည်းလိုက်သည်၊ အသက်ဝအောင်ရှူပြီး ဖုန်းကိုကိုင်ကာစာပြန်လိုက်သည်: အရမ်းချောတာပဲ[ချစ်စရာကောင်းသောအီမိုဂျီ]

ထိုစကားလုံးများအားမြင်ရသည့်အချိန်တွင် ကျိုးကျင်ဟမ့်သည် ရိုက်ကွင်းမှနှုတ်ဆက်စားပွဲ

အပြီးကားပေါ်တက်ကာ လေဆိပ်သို့ဦးတည်သွားနေလေသည်။

အမြန်ဆုံးနည်းဖြင့် နှစ်မကုန်ခင်သူ၏အခန်းများကိုရိုက်ကူးပြီးသွားသည်။

သူ၏လက်ထောက်ရှောင်းယန်က လူကိုယ်တိုင်လာကြိုပြီး ကျိုးကျင်ဟမ့်တစ်ယောက်ဖုန်းကိုကြည့်ပြုံးနေသည်ကိုနောက်ကြည့်မှန်မှမြင်သည့်အခါပျော်ရွှင်နေဟန့်ဖြင့်ဆိုလေ၏။

"ကျွန်တော်ပြောပြမယ်၊ အစ်ကို့ရဲ့လက်ရှိနာမည်ကြီးပုံမျိုးနဲ့ဆို နှစ်ဝက်လောက်ဘာမှမလုပ်ဘဲနေရင်တောင် fan တွေကအစ်ကို့ကိုမေ့မှာမဟုတ်ဘူး၊ အစ်ကိုမယုံရင်နောက်တစ်ပတ်ဆုပေးပွဲကိုစောင့်ကြည့်၊ တစ်နှစ်တာလူကြိုက်အများဆုံးဆုကအစ်ကို့အိတ်ထဲရောက်လာဦးမှာသေချာတယ်"

မျောလွင့်နေသောပြာမှုန်များ Where stories live. Discover now