Part-33.1

149 17 0
                                    

Chapter 33.1

ယီဟွေ့သည် ထိုပြန်စာကို ကြည့်ရင်း   "မီးပန်းကိုလည်းပန်းလို့ပြောလို့ရလား" ဟုမေးလိုက်သင့်သည်။

သို့သော် ဟာသလုပ်ရမည်ကိုပင်သတိမရပဲ

အေးခဲနေသည့်အပြုံးဖြင့်ကြည့်နေမိသည်။

ယခင်ဘဝကထားရှိခဲ့သောသူ၏မရေတွက်နိုင်သည့်ကတိကဝတ်များတွင် မီးပန်းများမှာသူ၏သုံးနှစ်ဆက်တိုင်မွေးနေ့ဆန္ဒကဲ့သို့ အတော်လေးကောင်းမွန်သည့်ခံစားချက်ပေးသောအရာတစ်ခုဖြစ်ခဲ့သည်။

ပထမတစ်နှစ်တွင် သူတို့နှစ်ယောက်လက်ထပ်ပြီးမကြာခင်အတူနေကြသည့်အခါ ကျိုးကျင်ဟမ့်သည် အလုပ်မှခဏတဖြုတ်နားခဲ့သည်။ မိသားစုနှစ်စု၏တင်းကျပ်သောထိန်းကွပ်မှုအောက်တွင် သူသည်အိမ်တွင်တစ်နေကုန်နေရပြီးယီဟွေ့ကိုသာကြည့်နေခဲ့ရသည်။

သူတို့သည်ဘုံတူညီသောစကားခေါင်းစဉ်ကိုမစဉ်းစားခဲ့ကြသည်မဟုတ်၊ သို့သော် သာမန်လူတစ်ယောက်သည်အရူးတစ်ယောက်နှင့်မည်သည့်စကားမျိုးပြောနိုင်မည်နည်း။ စကားမပြောလျှင်လည်းနှီးနှောရန်အိပ်ရာထဲသွားနိုင်သည်။ ထိုအချိန်အတွင်း သူတို့နှစ်ယောက်လုံးသည်နေ့တိုင်းနီးပါးဖြစ်ခဲ့သည်။

ကျိုးကျင်ဟမ့်၏အားကောင်းသောလိင်ပိုင်းဆိုင်ရာအာသာဖြေလျှော့မှုသည် မကြာခဏပင်ယီဟွေ့၏ကျောကိုစုတ်ပြဲပြီးခြေထောက်များကိုအိပ်ရာမှထနိုင်ရန်အားနည်းစေသည်။ သူ

၏မွေးနေ့ကိုအိပ်ရာထဲတွင် ယောင်ဝါးဝါးနှင့်ကုန်ဆုံးခဲ့ရသည်။

နောက်တစ်နှစ်တွင် ကျိုးကျင်ဟမ့်၏ရိုက်ကူးရေးဆက်တင်ပြင်ရသည်နှင့်တိုက်ဆိုင်ပြီး ယီဟွေ့သည်အနှီသူအတွက်ကိတ်မုန့်တစ်လုံးလုပ်ပေးခဲ့သည်။ သူ့ခမျာ ရိုက်ကူးရေးနေရာသို့လာလည်သည့်လူအုပ်ကြားတွင်ညပ်နေပြီးတွန်းတိုက်ခံရကာ လဲလုမတတ်ဖြစ်ခဲ့ရသည်။ လက်ထောက်ကြောင့် ဝန်ထမ်းများနားနေခန်းအထိခေါ်လာခံခဲ့ရသာ်လည်ူ ကျိုးကျင်ဟမ့်ထံမှအရူးထသည်ဆိုကာအဆူခံခဲ့ရသည်။ အိမ်တွင်နေရမည့်အစား သည်နေရာအထိ ပြေးလာခဲ့သည်၊ တစ်ယောက်ယောက်သိသွားခဲ့လျှင်မည်သို့လုပ်မည်နည်း။

မျောလွင့်နေသောပြာမှုန်များ Where stories live. Discover now