Part-10.2

590 84 3
                                    

Chapter 10.2

ဆေးရုံမှထွက်လာစဉ် အဆိုပါစကားလုံးများက ကျိုးကျင်ဟမ့်၏ခေါင်းထဲဝယ် ချာချာလည်လျှက်ရှိလေသည်။

ရုပ်အလောင်း...။ ပြစ်မှုဖြစ်ပွားရာနေရာ...။အဲဒါက အရူးတစ်ယောက်လေ...။ မမှတ်မိနိုင်လောက်အောင်လို့...။

မမှတ်မိနိုင်လောက်အောင်တဲ့လား...မဖြစ်နိုင်တာ...

ယီဟွေ့၏အသွင်အပြင်မှာ သူမျက်ဝန်းများမှိတ်လိုက်တိုင်း ပေါ်လာလေ့ရှိပြီး သူ့အားပြုံးရယ်ပြလျှက်ရှိလေသည်။

သူက မည်သည့်နေရာသို့ သွားရမည်မှန်းမသိချေ။ ထို့ကြောင့် အိမ်သို့ပြန်လာမှာဖြစ်လေသည်။ ဒိုရေမွန်ရုပ်က ပြတင်းပေါက်ဘောင်ပေါ်တွင် နေရာမပျက်ရှိနေမှာဖြစ်ကာ ပန်းချီကားသည်လည်း ထိုနည်းတူပင်။ ကျိုးကျင်ဟမ့်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

အရူးလေးက သူအကြိုက်ဆုံးအရုပ်ကိုမယူသွားဘူးလေ...ပန်းချီကားကလည်း ဆွဲမပြီးသေးဘူးမဟုတ်လား...သူဘယ်လိုလုပ်ပြီးသေမှာလဲ...

သူ မသေပါဘူး...

ကျိုးကျင်ဟမ့်အား သတင်းပို့ပေးခဲ့သူက သူတစ်ခုခုဖြစ်သွားမည်ကို စိုးရွံ့ပုံရသည်။ ထိုသူက တောင်ပေါ်မှဆင်းလာသည့်တစ်လျှောက်လုံး လိုက်ပါလာခဲ့လေသည်။ ကျိုးကျင်ဟမ့် စိတ်သက်သာရာရသွားပုံကိုကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီဟု ထိုလူကယူဆလိုက်၏။ သူက "ဆုံးရှုံးမှုအတွက်စိတ်မကောင်းပါဘူး..." ဟူ၍ပြောလိုက်သည်။

သို့သော် ကျိုးကျင်ဟမ့်က သူ့အားပြန်လည်မတုံ့ပြန်သည်ကို တွေ့လိုက်ရသည့်အခါ ရဲတင်းစွာဖြင့် အကြောင်းအရာအချို့ကို ထပ်ပြောလိုက်၏။

"အဟောင်းတွေကိုမစွန့်လွှတ်ရင် အသစ်တွေရောက်မလာနိုင်ဘူးလေ...ဒါက ဘုရားသခင်ရဲ့ ဆန္ဒအတိုင်းပါပဲ...သခင်လေးယီက ခင်ဗျားနဲ့မလိုက်ဖက်ဘူးလို့ ကျွန်တော်တို့ အရင်ကတည်းကပြောခဲ့ပါတယ်...သူနဲ့မထိုက်တန်ဘူးလေ..."

သူတို့နှစ်ဦး၏ဆက်ဆံရေးအကြောင်းသိရှိသော မည်သူမဆို ကျိုးကျင်ဟမ့် ယီဟွေ့အားမုန်းတီးကြောင်း သိရှိထားကြသည်။ သူတို့က မည်သည့်တွေ့ဆုံပွဲကိုမှ အတူတကွတက်ရောက်လေ့မရှိချေ။ ကျိုးကျင်ဟမ့် အလုပ်အားလပ်သည်အခါ အိမ်ပြန်လေ့မရှိပဲ ဘားတွင်သာအချိန်ဖြုန်းလေ့ရှိသည်။ ယီဟွေ့အကြောင်း ရံဖန်ရံခါပြောလာလျှင်လည်း သူ့မျက်ဝန်းများက အထင်သေးခြင်းများဖြင့် ပြည့်နှက်နေလေ့ရှိ၏။ သူသာ ယီဟွေ့အား မောင်းထုတ်နိုင်စွမ်းရှိပါက အချိန်အတော်ကြာကတည်းက မောင်းထုတ်လိုက်မှာဖြစ်ကြောင်း မျက်မမြင်တစ်ဦးပင် တွေ့နိုင်လေသည်။

မျောလွင့်နေသောပြာမှုန်များ Where stories live. Discover now