Part-8.1

565 88 2
                                    


Chapter 8.1

ပန်းချီပြိုင်ပွဲကို မြို့ဆင်ခြေဖုံးအရပ်တွင်ရှိသော  အနုသုခုမတက္ကသိုလ်တစ်ခုတွင် ကျင်းပခဲ့လေသည်။

ပြိုင်ပွဲက မနက် ၉နာရီတွင်ကျင်းပခြင်းဖြစ်ရာ မိသားစုသုံးဦးက ၇ နာရီတွင် အဆောက်အဦးထံလာရောက်ခဲ့ကြ၏။ တံခါးအဝတွင် နဖူးစည်းစာတန်းချိတ်ဆွဲထားလေသည်။ လူအများအပြားမရောက်ကြသေးသည့်အလျှောက် ကျန်းရွှယ်မေ့က သူမ၏ကလေးနှစ်ဦးနှင့်အတူ နဖူးစည်းစာတန်းအောက်တွင် ဓာတ်ပုံရိုက်ရန်ပြင်လိုက်ပြီး အဆိုပါပုံအားကူးယူကာ အိမ်တွင်ချိတ်ဆွဲထားမည်ဖြစ်ကြောင်း ဆိုလာခဲ့၏။

မနက်စာအဖြစ် အနီးရှိုစတိုးဆိုင်မှ ဘန်းမုန့်သုံးခုနှင့် ပဲနို့တစ်ထုပ်စီဝယ်ယူလိုက်ကြသည်။

ယီဟွေ့က ပဲနို့အိတ်ကိုအတန်ကြာလေ့လာနေခဲ့သည်။ သူက မည်သို့ကိုင်တွယ်ရမည်မသိ ဖြစ်နေခဲ့၏။ ကျန်းယီမန့်က အိတ်ကိုယူကာ ဖောက်လိုက်ပြီး ပိုက်တပ်၍ပြန်ပေးလိုက်လေသည်။

“ဒီမှာရှိတဲ့ဘယ်သူကမှ ကိုကြီးကိုမသိဘူး…ပဲတွေစွတ်များမနေနဲ့…”

ယီဟွေ့က ဤသို့သောနို့အိတ်ကို တစ်ခါမှမသောက်ဖူးခဲ့ချေ။ ထို့ကြောင့် သူက ခေါင်းငုံ့၍တစ်ငုံစုပ်မသောက်ခင် အနည်းငယ်တွန့်ဆုတ်နေခဲ့၏။ ကျန်းယီမန့်က အရသာရှိလားဟု သူ့ကိုမေးလာခဲ့သည်။ သူက ပိုက်ကိုကိုက်လျှက် ခေါင်းညှိတ်လိုက်၏။

“အင်း…အရသာရှိတယ်…”

သူမ၏သားဖြစ်သူထံမှ တစ်စုံတစ်ရာအား အရသာရှိကြောင်းဆိုလာခဲ့ခြင်းမှာ ကျန်းရွှယ်မေ့အတွက်မူ အလွန်ရှားပါးလေသည်။ သူမက သူမ၏ပဲနို့အိတ်ကို သူ့ထံကမ်းပေးလိုက်ကာ မေးလိုက်၏။

“သားအရင်က အချိုမကြိုက်ဘူးမဟုတ်လား…”

ယီဟွေ့သီးသွားကာ ပါးစပ်ကိုကွယ်လျှက် ပြင်းထန်စွာချောင်းဆိုးလေသည်။ ကျန်းယီမန့်က သူ၏နောက်ကျောကိုပုတ်ကာ သူ့အစားရှင်းပြပေးခဲ့၏။

“သူပြောင်းလဲသွားနိုင်တယ်လို့ ဒေါက်တာလျှိုပြောခဲ့တယ်မဟုတ်လား…အရသာခံပုံပြောင်းသွားတာ ဘာမှမထူးပါဘူး…”

မျောလွင့်နေသောပြာမှုန်များ Where stories live. Discover now