Part-35.2

117 18 0
                                    

Chapter 35.2

Sue Xing Nway

Chapter 35.2

ကျိုးကျင်ဟမ့်သည် အိတ်အားချိန်ဆကြည့်ပြီးနောက် Mask အောက်မှသူ့မျက်နှာကအရောင်တောက်သွားသည်။

"မစစ်တော့ဘူး၊ ကျေးဇူးပါပဲ"

ကားပေါ်ရောက်သည်နှင့် သူအိတ်ကိုဖြဲကြည့်ရန်မစောင့်နိုင်တော့ချေ။

သူ၏ပုံစံအစစ်အမှန်အားမပြသနိုင်သောကြောင့် ယီဟွေ့အား S မြို့မှသူငယ်ချင်းတစ်ယောက်၏ကုမ္ပဏီလိပ်စာကိုပေးထားခြင်းဖြစ်သည်။ ပစ္စည်းက သူငယ်ချင်းဆီမရောက်ခင် အိတ်အားကြိုတင်ယူရန်စီစဥ်လိုက်ရသောကြောင် အချိန်အနည်းငယ်ကြန့်ကြာသွားသည်။ အရူးလေး ကိတ်လုပ်လာမည်စိုးရိမ်သောကြောင့် သူပစ္စည်းယူရန်စိတ်စောနေခဲ့သည်။ အေးနေသော်လည်း ချိုင့်ထူသောလမ်းက၎င်းကိုဖျက်ဆီးပစ်လိမ့်မည်။

ပါဆယ်ထုပ်သည်အထပ်ထပ်ချည်ထား၍ အချိန်အတန်ကြာဖြည်ရသည်။ ကျိုးကျင်ဟမ့်သည်ပေးပို့လာသူ၏အမည် "ရှောင်ဟွေ့ရှား" ဆိုသောဖြတ်ပိုင်းကိုဖယ်ပစ်ပြီး အကျအနခေါက်ကာသူ၏အိတ်ကပ်ထဲထည့်လိုက်သည်။

ကတ်အားဖွင့်နေစဉ် သူ၏စိတ်မရှည်မှုနှင့်အကြမ်းပတမ်းလှုပ်ရှားမှုများကိုချုပ်တည်းကာ အော်စကာဆုသဖွယ်တရိုတသေကိုင်နေသည်။

[ဟမ်ဟမ်ထံသို့

ဒါကမီးပွားပုံမူရင်းပန်းချီကားပါ။ မင်းသဘောကျသလိုကြည့်နိုင်ဖို့ငါပို့ပေးလိုက်ပါတယ်။ မင်းကြိုက်မယ်လို့မျှော်လင့်ပါတယ်!

စာကြွင်း။ ရေခဲသေတ္တာထဲထည့်ထားဖို့မမေ့နဲ့နော်။ အမေကအကြာကြီးထားရင် အရသာမကောင်းတော့ဘူးလို့ပြောတယ်။

မင်းရဲ့သူငယ်ချင်းကောင်းလေးရှောင်ဟွေ့ရှား]

ကျိုးကျင်ဟမ့်သည် ကတ်ပေါ်မှစာကြောင်းများကိုအကြိမ်ကြိမ်ဖတ်နေပြီး နောက်ဆုံးတွင် "ဟွေ့" ဆိုသောစာလုံးအားပွတ်သပ်နေလျက် ယီဟွေ့စားပွဲရှေ့တွင်ထိုင်ကာ စိတ်နှစ်၍အလေးအနက်ထား၍စာရေးနေပုံကိုစိတ်ကူးယဉ်နေမိသည်။

မျောလွင့်နေသောပြာမှုန်များ Wo Geschichten leben. Entdecke jetzt