(1)

51K 1.8K 13
                                    

နယ်​မြို့​လေးတစ်​မြို့
ကျယ်​ဝန်းလှတဲ့ Resort ထဲက..စိမ်းမြမြ​ဂေါက်​ကွင်း။

ဒုတ်​.....
ဝှီး.............
ဂေါက်​သီးကို​ဂေါက်​သံနှင့်​ဟန်​ပါပါလွှဲပြီးရိုက်​လိုက်​တဲ့
ဝမ်​ရိ​ပေါ်။

ထို့​နောက်​မှာ​တော့.....
တ​ဖြောင်း​ဖြောင်းတီးလိုက်​တဲ့ လက်​ခုပ်​သံ​တွေနဲ့
ဂုဏ်​ပြုသံများ...

" WOW! တစ်​ချက်​တည်းပဲ ဥက္ကဌဝမ်​ တို့က​တော့
အမြဲတမ်း လက်​ရည်​ကိုထိန်းထားနိုင်​တာပဲ "

ချီးကျူးဂုဏ်​ပြုသံ​တွေကို..ခပ်​ပြုံးပြုံး​သာ..တုံ့ပြန်​တတ်​တာ..ဝမ်​ရိ​ပေါ် အကျင့်​။

" ဥက္ကဋ္ဌကြီး wang ကိုယ်​တိုင်​..လာ​ရောက်​ချီးမြှင့်​​ပေးလို့..ကျွန်​​တော်​တို့​ resort ​တော့..ဂုဏ်​တက်​ရပါပြီ
အဆင်​​ပြေရင်​..​နေ့လည်​စာ..ဖိတ်​ပါရ​စေ "

" Sorry ပါဗျာ..ကျွန်​​တော်​..သူငယ်​ချင်း​တွေနဲ့
ချိန်းထားပြီးသားဖြစ်​​နေလို့..ဖိတ်​​ပေးတာ​ကျေးဇူးပါ "

Resort ပိုင်​ရှင်​နဲ့ တခြား company CEO ​တွေ
လေး​လေးစားစား နှုတ်​ဆက်​ပြီး ပြန်​သွားချိန်​မှာ​တော့

" Hey......ရိ​ပေါ် "

သူ့ဆီ​ပြေးလာပြီး ပုခုံးဖက်​လိုက်​တဲ့..ကျင်းရီ။

" ဟို​ကောင်​..အပျိုကြီး ကျန်းချန်​​ရော "

" မသိဘူး..ဘယ်​​နေရာမှာ...ဘယ်​သူ့ကို..
ဒေါသ​တွေထွက်​ပြီး..ရန်​​​ထောင်​​နေမလဲမသိဘူး..
ငါတို့ဘာငါတို့..ဆက်​ရိုက်​ကြမယ်​..လာ "

၂ ​ယောက်​သား..စကား​ပြောလိုက်​..​အေး​အေး​ဆေး​ဆေး..golf ရိုက်​လိုက်​ လုပ်​​နေစဉ်

" ဝုတ်​...ဝုတ်​..ဝုတ်​.. "

ခပ်စူးစူး..​ခွေး​ဟောင်​သံ​ကြောင့်
တစ်​​နေရာကို..ဝမ်​ရိ​ပေါ်လှမ်းကြည့်​လိုက်​မိပြီး
ထို​နေရာကို ​ငေးကနြဲဖစ်​သွားရသည်​။

" ​ဟေ့​ရောင်​..​ငေးလှချည်​လား "

ကျင်းရီက..လိုက်​ကြည့်​လိုက်​ပြီး

" ချစ်​စရာ​လေးကွ...​နော်​ "

ဟုတ်​​တော့ဟုတ်​သည်​။
ခွေး​လေးနဲ့​ဆော့​နေပြီး
မျက်​လုံး​လေးပိတ်​ကျသွား​အောင်​..ရယ်​​နေတဲ့
ယုန်​သွား​လေး​တွေနဲ့ ​ကောင်​​လေးက
တကယ်​ကို..ချစ်​စရာ​လေး။

The Love from Windward (Completed)Where stories live. Discover now