(7)

12.9K 1.1K 2
                                    


Wang group ရုံးချုပ်​ အစည်းအ​ဝေးခန်းထဲမှာ
ဒါရိုက်​တာ အဖွဲ့ဝင်​များ.​ခေါင်းချင်းဆိုင်​​နေကြရသည်​။

Projet အတွက်​..ဆွဲထားတဲ့ အစီအစဉ်​​တိုင်းကို
အခြား company က လက်​ဦးမှုရ​နေကာ
wang group မှာ..ဆုံးရှုံးမှု​တွေ
ဆက်​တိုက်​ကြုံ​နေရသည့်အတွက်​ပင်​။

ဝန်​ထမ်းအားလုံး..​နေ့မနား ညမနား
ကြိုးစားထားသည့်​ project ဖြစ်​ပြီး
အရင်းအနှီးကလည်း များလွန်း၍
ဒီတစ်​ခါဆုံးရှုံးမှုက..ကြီးမားသည်​။

ပေကျင်း နဲ့ ​ဟောင်​​ကောင်​ မှာရှိတဲ့ ရုံးခွဲများကို
ပိတ်​လိုက်​ရတဲ့အပြင်
wang လုပ်​ငန်းစုရဲ့ ဂုဏ်​သိက္ခာလည်း
ကျဆင်းခဲ့ရသည်​။

အချက်​အလက်​​တွေ..​ပေါက်​ကြားသွားတယ်​လို့ယူဆ​ပေမယ့်​..စစ်​​ဆေးမှုမှာလည်း..ဘာမှမ​တွေ့။
အ​ဖြေရှာမရစွာနှင့်​..အစည်းအ​ဝေးကို ရပ်​နားလိုက်​ရသည်​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဝမ်​ရိ​ပေါ် ရုံးခန်းထဲ ပြန်​​ရောက်​​တော့
အတွင်း​ရေးမှုးက..မဝံ့မရဲ ပုံစံနှင့်​ အနားကပ်​လာပြီး

" ဟို​လေ..ဥက္ကဋ္ဌကြီး..ကျွန်​​တော်​​ပြောသင့်​ရဲ့လား
တော့မသိဘူး..ဟို​နေ့က ပွဲမှာ..ဥက္ကဋ္ဌကြီးရဲ့ အမျိုးသားနဲ့..အဲ့ company သူ​ဋ္ဌေးနဲ့..စကား​ပြော​နေတာ
တွေ့ခဲ့ပါတယ်​ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

အိမ်​ရဲ့ CCTV ကို ပြန်​စစ်​​ဆေး​နေတဲ့
ဝမ်​ရိ​ပေါ် အံ့သြစွာနဲ့ ​​ရေရွတ်​လိုက်​သည်​။

" ​ရှောင်းကျန့်​..မင်း..ဘာလို့.........."

စာကြည့်​ခန်းထဲက..projet အတွက်​ အ​ရေးကြီးစာရွက်​စာတမ်းများထည့်​ထားသည့်​ အိတ်​ကို
ယူသွားပြီး မနက်​ကျတိတ်​တဆိတ်​ပြန်​လာထားသည့်
ရှောင်းကျန့်​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" ရိ​ပေါ်..ဝမ်​ရိ​ပေါ်..မင်းတို့သူ​ဋ္ဌေးကို​ခေါ်​ပေး "

" အစည်းအ​ဝေး မပြီး​သေးလို့ပါ သူ​ဋ္ဌေးကျန်း "

ဝမ်​ရိ​ပေါ်ရုံးခန်းထဲမှာ..ကျန်းချန်​တစ်​​ယောက်
ထိုင်​မရ ထမရ နဲ့ အ​လောတကြီး။

The Love from Windward (Completed)Where stories live. Discover now