(35)

18.8K 1.3K 64
                                    


ဆွေမျိုး​တွေကို တမင်​မ​ပြောဘဲ ​နေ​နေပါတယ်​ဆိုမှ
ultrasound ရိုက်​ပြီး ​ယောကျာင်္း​လေးမှန်းသိပြီးတဲ့
အခါမှာ ကျင်းရီက သွား​ပြောလိုက်​သည်​။

ထင်​တဲ့အတိုင်းပါပဲ။ သိပြီးသွားတာနဲ့
ကြီး​တော်​က အရင်​​ရောက်​ချလာသည်​။
လူကြီးဆို​တော့ ​ပြောလို့လည်းမရ။
ရောက်​လာတာနဲ့ ​ရှောင်းကျန့်​ဗိုက်​ကို
သွားကိုင်​ကြည့်​သည်​။
ရှောင်းကျန့်​ဗိုက်​ကလည်း ​တော်​​တော်​ပူ​နေပြီ။

" ဟယ်​! အစစ်​ကြီး​တော့ "

ကိုင်​ကြည့်​ပြီး​တော့ အားရပါးရနဲ့
ယူလာတဲ့ အစားအ​သောက်​​တွေကို
စားဖိုမှုးလက်​ကို အပ်​​နေသည်​။

Rose က အ​နောက်​မှာ ခပ်​ကုပ်​ကုပ်​လေး
ပါလာတယ်​။ ​ရှောင်းကျန့်​ဗိုက်​ပူပူ​လေးကိုကြည့်​ပြီး
အသည်းတယားယားနဲ့ သ​ဘော​တွေကျ​နေ​ပေ
မယ့်​ အနားမလာရဲ။

ပြန်​ခါနီးကျမှ မ​နေနိုင်​​တော့ဘူးထင်​တယ်​။
ရှောင်းကျန့်​နားကို သွားပြီး...

" Rose နိုင်​ငံခြားမှာ ​ကျောင်းသွားတက်​​တော့မှာ
၃ နှစ်​​တောင်​ဆို​တော့ ဟို ဟို​လေ
Rose လည်း ခဏ​လေးကိုင်​ကြည့်​လို့ရမလား "

" အင်း...လာ​လေ "

ရှောင်းကျန့်​က ရတယ်​ဆို​ပေမယ့်
ဝမ်​ရိ​ပေါ်က မကြည်​သလိုကြည့်​တယ်​။

" နင်​တို့​နော်​ ဟိုကိုင်​ဒီကိုင်​နဲ့
သူ့အသားက နုနု​လေး "

Rose က အဖြစ်​ကိုသည်းတယ်​ လို့​ပြောပြီး
ရှောင်းကျန့်​ဗိုက်​ကို ​ပြေးကိုင်​တယ်​။

" ဟယ်​! ကန်​တယ်​ Rose ကို ကန်​တယ်​​တော့
အမ​လေး​ ​တောင်းပန်​ပါတယ်​ရှင့်
အန်​တီ Rose က မှားသွားပါတယ်
တူ​လေးကိုလည်း ​တောင်းပန်​ပါတယ်
တူ​လေးရဲ့ ပါးပါးကိုလည်း ​တောင်းပန်​ပါတယ်​ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ခု​တော့လည်း ​ယောကျာင်္း​လေးတစ်​​ယောက်​ကို
ကောက်​ယူပစ်​လိုက်​လို့ ဝိုင်းအပြစ်​တင်​ခဲ့ကြတဲ့
ဝမ်​​ဆွေ​တော်​မျိုး​တော်​​တွေဟာ
အိမ်​ကို ​နေ့တိုင်းဝင်​ထွက်​လို့။

The Love from Windward (Completed)Where stories live. Discover now