Final.

31.9K 2K 160
                                    


ဒီမြို့​လေးကို ​ရောက်​ခဲ့ရပြန်​ပြီ ။
ရှောင်းကျန့်​ရဲ့ဇာတိမြို့​လေးက သင်္ချိုင်းထဲမှာ
အခုမှပြု ပြင်​ထားတဲ့ အုတ်​ဂူ​လေး ၂ ခု။

ဝမ်​ရိ​ပေါ်က လက်​ထဲက ပန်းစည်းကို အုတ်​ဂူ​ပေါ်
တင်​​ပေးလိုက်​ပြီး အရိုအ​သေ​ပေးလိုက်သည်​။

" ​ဖေ​ဖေ​မေ​မေ သားအိမ်​​ထောင်​ကျသွားပြီ
ဒါက ကျွန်​​တော့်​​ယောကျာင်္း ဝမ်​ရိ​ပေါ်
သူက........လူ​ကောင်းပါ
ပြီး​တော့...သားတို့မှာက​လေး​လေးရှိ​နေပြီ
ဖေ​ဖေတို့​မြေး​ ရိကျန့်​​လေး နည်းနည်းကြီးလာမှ
ခေါ်ပြီး ထပ်​လာခဲ့ပါမယ်
သားအခု ​ပျော်​စရာ​ကောင်းပြီး ပြည့်​စုံတဲ့ဘဝကို
ပိုင်​ဆိုင်​​နေရပြီမို့ သားကို စိတ်​ချပါ​တော့ "

တကယ်​ဆို ​ဆေးရုံကဆင်းတာ ဘယ်​​လောက်​မှ
မကြာ​သေးတာမို့ ခရီးမသွား​စေချင်​​သေးတာကို။

အထူးကြပ်​မတ်​လူနာခန်းထဲမှာ
၂ ပါတ်​တိတိ အသက်​လုခဲ့ရတဲ့ ​ရှောင်းကျန့်​က
သတိရလာတာနဲ့ သူ့မိဘ​တွေရဲ့အုတ်​ဂူကို
လိုက်​ပို့​ပေးဖို့ ​တောင်းဆိုခဲ့တာမို့
စိတ်​ပူတဲ့ကြားက ​သေချာစီစဉ်​​ပေးခဲ့ရတာ။

သား​လေးကြီးလာမှ ​နောက်​တစ်​​ခေါက်
လိုက်​ပို့​ပေးရပါဦးမယ်​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

သား​လေးရိကျန့်​ရဲ့ ရက်​ ၁၀၀ ပြည့်​​မွေး​နေ့ကို
ဝမ်​အိမ်​​တော်​ ခြံဝန်းထဲမှာပဲ ကျင်းပသည်​။
ဆွေမျိုး​တွေနဲ့ မိတ်​​ဆွေ​တွေနဲ့ စည်​စည်​ကားကား။

" သား​လေး​ရေ ​ရွေး​ရွေး  ပိုက်​ဆံ​ရွေး "
" ​ဟေး.....​ရွေးတယ်​​ရွေးတယ်​..."

လက်​​ဆောင်​ပစ္စည်း​ရွေးချိန်​မှာ ဆူညံ​နေသည်​။

" ဟွန်း....အ​ဖေတူသား​လေး ပိုက်​ဆံပဲမက်​တယ်
အား​နေ အလုပ်​ပဲသွား​နေ "

ရှောင်းကျန့်​က​ပြော​နေတုန်း က​လေးက
အိင်္ကျီ​လေးကို ​ရွေးပြီး​ကောက်​ကိုင်​လိုက်​ပြန်​သည်​။
ဒီတစ်​ခါ​တော့ ​ဖေ​ဖေ​ပြောတဲ့အလှည့်​​ပေါ့။

" ပါးပါးနဲ့တူတဲ့ သားသားပါလားကွ
စ​ရောက်​တဲ့​နေ့တုန်းက အိင်္ကျီ​တွေဝယ်​​ပေး​တော့
ပျော်​​နေတာများ အရမ်းချစ်​ဖို့​ကောင်းတာ "

The Love from Windward (Completed)Where stories live. Discover now