(20)

15.9K 1.2K 21
                                    


"လုပ်​စရာရှိတာအကုန်​လုပ်​​ပေးပြီးပြီ..
စိတ်​ချရ​အောင်​၂ ပါတ်​​လောက်​​တော့ မထိနဲ့​ဦး "

ကျင်းရီက အနားကပ်​လာပြီး

" ​ဟေ့​ရောင်​..တစ်​ကိုယ်​လုံးအရမ်းလှတာ​နော်​..
တန်​ဖိုးထားစမ်းပါကွ...ရှားရှားပါးပါး​လေးကို "

ကြားထဲအတင်းဝင်​တိုးကာ..နား​ထောင်​မိ​သော
ကျန်းချန်​က​တော့..မျက်​​စောင်းကြီးတခဲခဲ။
သူကျ....မမြင်​ရလို့လား​တော့မသိ။

အံကြီးကြိတ်​ပြီး

" သတ်​ပစ်​လိုက်​လည်း ​အေးတာပဲ " တဲ့..။

ဆေးရုံ​ရောက်​တဲ့ အ​ခြေအ​နေ​​တွေထိ ဖြစ်​ကုန်​လို့
ကျန်းချန်​လည်း လိုက်​လာတာ။
သေပြီလားလို့ လာကြည့်​တာ လို့ ​ပြောပြီး​တော့။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" အိမ်​ပြန်​ကြမယ်​​နော်​ "

နူးနူးညံ့ညံ့​ပြောပြီး ​​ရှောင်းကျန့်​​ခြေ​ထောက်​မှာ
ဖိနပ်​ကို ကိုယ်​တိုင်​စီး​ပေး​နေတဲ့ ဝမ်​ရိ​ပေါ်​။

ခု​တော့လည်း သူမဟုတ်​သလိုနဲ့။

တကယ်​ဆို အမှားကျူးလွန်​ထားမိသူမို့
သတိရလာတာနဲ့ ​ကြောက်​​နေမိ​ပေမယ့်
ထူးဆန်းတယ်​။

ဆေးရုံတက်​​နေစဉ်​အတွင်း
ဝမ်​ရိ​ပေါ်ဟာ သူ့ကို လို​လေ​သေးမရှိ​အောင်
ဂရုစိုက်​ယုယလွန်းလို့​ အ​နေ​ခက်​ရသည်​။

ညတစ်​​ရေးနိုးလို့ ကြည့်​လိုက်​တိုင်း
သူ့လက်​ကို ကိုင်​ပြီး ခုတင်​​ဘေးမှာ ​မှောက်​အိပ်​​နေ
တာချည်း။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ရှောင်းကျန့်​အတွက်​​တော့
သာယာတဲ့ ​နေ့ရက်​များပါပဲ။

လွတ်​လပ်​​ရေးဆိုတာ အလကားမရဘူး။
တိုက်​ယူရတာ။
ဥာဏ်​​ကောင်းမှ ရတာ။
သူ့ကိုယ်​သူလည်း ​တွေးပြီး​ကျေနပ်​မိသည်​။

" အခုကစပြီး ကွာရှင်းတဲ့အချိန်​ထိ
လာထိဖို့ မစဉ်းစားနဲ့
တရားစွဲဖို့ အကုန်​စီစဉ်​ပြီးသား
ကျုပ်​ကိုထိရဲထိကြည့်​ ​ထောင်​တန်းကျသွားမယ်
ဘာမှတ်​​နေလဲ "

The Love from Windward (Completed)Where stories live. Discover now