(27)

15.9K 1.2K 21
                                    


Staff party ကို သွားဖို့အတွက်​ ​ရေချိုးပြင်​ဆင်​​နေတဲ့
တစ်​​လျှောက်​လုံး ဘာလို့မှန်းမသိ
ရှောင်းကျန့်​က မျက်​နှာငယ်​​လေးနဲ့
မသိမသာခိုးခိုးကြည့်​​နေသည်​။

တော်​​သေးတယ်​ ​ရှောင်းကျန့်​ကို ပွဲရှိတာ မ​ပြောထားမိလို့။
bodyguard ​တွေကို​တော့​သေချာမှာခဲ့ရဦးမယ်​။
ခိုးခိုးကြည့်​​နေတာ ဘာအကြံရှိ​နေလဲ​ပြောလို့မရ။

" ဒီ​နေ့ ည​နေစာ ကိုယ့်​ကိုမ​စောင့်​နဲ့​တော့ စားလိုက်
အိပ်​ချင်​လည်းအိပ်​နှင့်​ ​နောက်​ကျမယ်​ "

ခြံထဲက​နေ ကားနဲ့ထွက်​တဲ့အချိန်
အ​ပေါ်ကို​မော့ကြည့်​​မိ​တော့လည်း ပြူ တင်း​ပေါက်​က​နေရပ်​ပြီး ကားကိုမျက်​စိတဆုံးလိုက်​ကြည့်​​နေပြန်​သည်​။

ထိုညက ဝမ်​ရိ​ပေါ် အိမ်​ပြန်​မလာပါ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" သခင်​​လေး ညကပြန်​မလာဘူး​နော်​ "

" ဟုတ်​တယ်​ အတင်းဆွဲထားတာနဲ့
Rose တို့အိမ်​မှာ အိပ်​ဖြစ်​သွားတာ "

အိမ်​​တော်​ထိန်းကို လှည့်​​ဖြေပြီး
အခန်းထဲဝင်​လာကာ ​ရှောင်းကျန့်​နဖူး​လေးကို
ငုံ့နမ်းလိုက်​သည်​။

ဝမ်​ရိ​ပေါ်​ရေချိုးပြီး company သွား​တော့မှ
တစ်​ညလုံးမအိပ်​ဘဲ
ခြံထဲ ကားဝင်​လာတာ​တွေ့တာနဲ့
လှေကားထိပ်​က​နေ ​ချောင်းနား​ထောင်​ပြီး
ခုတင်​​ပေါ်ပြန်​​ပြေးတက်​ကာ
အိပ်​ချင်​​ယောင်​​ဆောင်​​နေတဲ့ ​ရှောင်းကျန့်​က
ငုတ်​တုတ်​ထထိုင်​သည်​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

Company ကို ​ရောက်​တာနဲ့
ဟိုလူကို​ခေါ်ပြီး ရှင်းရှင်းလင်းလင်း​မေးလိုက်​သည်​။

" တကယ်​ပါခင်​ဗျာ
ဆက်​ပြီးလက်​တွဲမလုပ်​မှာ​ကြောက်​လို့
ဥက္ကဌကြီးရဲ့ အမျိုးသားကို
တောင်းပန်​ခဲ့တာပါ "

" အဲ့ဒီ့​တော့ သူက ဘာပြန်​​ပြောလဲ "

" ဘာမှ​ ပြန်​မ​ပြောပါဘူး "

" ​ကောင်းပြီ​လေ ဒီလုပ်​ငန်းပြီးတဲ့အထိ​တော့
လက်​တွဲလုပ်​ကြတာ​ပေါ့ "

The Love from Windward (Completed)Where stories live. Discover now