ရှောင်းကျန့် ဒီရက်ပိုင်း အပြင်သိပ်မထွက်။
ထွက်လည်းခဏပဲ။
ပြန်လာတာနဲ့ ဦးလေးလာသေးလား မေးသည်။ဒေါက်..ဒေါက်...
ဒေါက်..ဒေါက်...ဒေါက်
ဒေါက်..ဒေါက်...ဆက်တိုက်..တံခါးခေါက်သံကြောင့်
ရှောင်းကျန့် အိပ်နေရာမှ ထကာ တံခါးဖွင့်လိုက်ပြီး
ဆောင့်ဆောင့်အောင့်အောင့်နဲ့" ဘာလဲ..ဘာလဲ....ရှုပ်ရှုပ်ရှက်ရှက် "
" အစ်ကိုလေး...ဦးလေး..လာပါတယ် "
" အခန်းထဲ ခေါ်လာလိုက် "
အပေါ်ထပ်ကို တခြားလူကို မတက်စေချင်ပေမယ့်
စိတ်မထင်ရင်မထင်သလို..အော်ငေါက်တတ်တဲ့.
ရှောင်းကျန့်ကြောင့်
ဦးလေးဖြစ်သူကို..ခေါ်လာပေးလိုက်ရသည်။ခေါ်လာပေးတဲ့ လမ်းတလျှောက်လည်း အိမ်ထဲ
ကျီးကန်းတောင်းမှောက်ကြည့်နေ၍..
အိမ်အကူမှာ မကြည်မသာ။ပထမဆုံးတစ်ခေါက်..လာတုန်းက
စုတ်ပြတ်နေသလောက်..ရှောင်းကျန့်ဦးလေးက
တဖြည်းဖြည်း..ပြောင်ပြောင်ရောင်ရောင်ဖြစ်လာ
သည်။အခန်းထဲရောက်တော့..တံခါးပိတ်ပြီး ၂ ယောက်တည်း စကားပြောကြသည်။
" အားကျန့်..မင်းတို့အိမ်က အိမ်ဖော်တွေကလည်း
အချိုးမပြေဘူး..
ဟိုတစ်ခေါက်က ဦးလေးပြောထားသလိုပဲနော်...
မင်းဘာမှဂရုစိုက်နေစရာ မလိုဘူး..
မင်းက အိမ်ရှင်..သူတို့က အလုပ်သမား...
ဆင်းရဲတုန်းက..သူဋ္ဌေးတွေ..ငါတို့ကို ဘယ်လိုဆက်ဆံလဲ..ပြန်စဉ်းစားကြည့်စမ်း
ခု..ချမ်းသာသွားပြီဆိုတော့.ကိုယ့်အဆင့်နဲ့ကိုယ်နေ "" အင်းပါ...ဦးလေး..ဒီအိမ်မှာ တူတူလာနေပါလား
ဟိုလူကြီးက..သားပြောလိုက်ရင်ရတယ်
ဦးလေးကို သတိရနေတာကို ဘယ်ဆက်သွယ်ရမှန်းလဲမသိ..ဖုန်းဝယ်ပါဆိုတာလည်း ခုထိမဝယ်သေးဘူးလား..လိုက်ပို့မယ်ဆိုတော့လည်းမရဘူး..
ဒီမှာပဲ လာနေလိုက်တော့နော်..နော်.. "