(17)

14.6K 1.2K 23
                                    

" အမ​လေး..တူ​တော်​​မောင်​ရယ်​..​နေနိုင်​လိုက်​တာ
လူကြီး​တွေက စိတ်​ဆိုး​နေလည်း..
မင်းတို့က..​ပြေ​အောင်​သွား​တွေ့ရမှာ​ပေါ့
ခု​တော့ ​နေနိုင်​လိုက်​တာ
ဘယ်​​လောက်​​တောင်​ ​ပျော်​​နေလို့လဲ
ီဒီကြီး​ဒေါ်က မ​နေနိုင်​လို့..လာ​တွေ့ရတဲ့အထိပဲ
ဘယ်​မလဲ..လက်​ထပ်​ထားတဲ့ ​ကောင်​​လေး "

ပြော​နေတုန်းရှိ​သေး
Bodyguard ​တွေကြားထဲမှာ
ထွက်​​ပြေးလို့..ပြန်​ဖမ်း​ခေါ်လာရတဲ့..​ရှောင်းကျန့်​က
ရုန်းရင်းဆန်​ခတ်​နဲ့..ပြန်​ပါလာသည်​။

" ဝမ်​ရိ​ပေါ်......ခင်​ဗျားကြီးကို မုန်းတယ်​ "

ပန်းခြံထဲမှာ ထိုင်​​နေတဲ့ ရိ​ပေါ်ကို ​တွေ့​တော့
လှမ်း​အော်​ရင်းနဲ့ လက်​ခလယ်​​ထောင်​ပြလိုက်​​သေးသည်​။

ပါးစပ်​ကြီး အ​ဟောင်းသားနဲ့ မျက်​လုံးပြူး​နေတဲ့
ကြီး​ဒေါ်ကို..ရိ​ပေါ်..တစ်​ချက်​ရယ်​ပြလိုက်​ပြီး

" အဟင်း....သူက နည်းနည်း​တော့ ဆိုးတယ်​ "

ကြီး​တော်​ဖြစ်​သူက​တော့ မျက်​နှာအပျက်​ပျက်​နဲ့ ​ခေါင်းတခါခါ။

" ​နောက်​ပိုင်း ဘယ်​လိုဆက်​လုပ်​မှာလဲကွယ်
တို့​တွေမှာ မင်းတစ်​​ယောက်​ပဲ ရှိတာကို
မင်းညီမလည်း ​နောက်​မှ ဒီကို လွှတ်​လိုက်​ပါဦးမယ်​​ ​တိုင်​ပင်​ကြ​ပေါ့ "

ကြီး​ဒေါ်ပြန်​သွားပြီးတဲ့အခါမှ 
ရှောင်းကျန့်​နဲ့ စာရင်းရှင်းရသည်​။

" လာခဲ့...မင်း..လာခဲ့စမ်း "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဒီ​နေ့...
Company ကို ​ရောက်​ပြီးခါမှ
အ​ရေးကြီးဖိုင်​တစ်​ခု ကျန်​ခဲ့၍
အိမ်​ကို ပြန်​လာလိုက်​ရသည်​။

ဧည့်​ခန်းထဲမှာ ​ဘယ်​သူမှ ရှိမ​နေ။
အိပ်​ခန်းထဲ ဝင်​လိုက်​တာနဲ့
ရေသံ​တွေက တဗြန်းဗြန်းနဲ့ ဆူညံ​နေသည်​။

ရေချိုးခန်းထဲမှာ..​ရေ​တွေကို..အသားကုန်​ဖွင့်​ချထားသည်​။ ရှိသမျှ tap ​တွေအကုန်​ဖွင့်​ချထားတဲ့ပုံ။
ဝမ်​ရိ​ပေါ် ​အော်​​ငေါက်​ဖို့ တံခါးနားကပ်​လိုက်​​တော့

The Love from Windward (Completed)Where stories live. Discover now