(23)

14.9K 1.2K 21
                                    


" အစ်​ကို​လေး
သခင်​​လေးက အခန်းထဲကဗီဒိုထဲက ပါဆယ်​ထုတ်​​လေး​​ပေးလိုက်​ပါတဲ့ ​မြန်​မြန်​​လေးတဲ့ "

bodyguard ​ခေါင်း​ဆောင်​က
အခန်းတံခါးလာ​ခေါက်​ပြီး ​ပြော​နေ၍
ထရှာ​ပေး​ပေမယ့်​ ဘယ်​ဗီဒိုကို​ပြောမှန်းမသိ။

ဒီအခန်းမှာသာ ​နေတာဆို​ပေမယ့်
ကိုယ့်​အဝတ်​အစားထည့်​​ပေးထားတဲ့ဟာကလွဲပြီး
ဘယ်​ဗီဒိုမှ ကိုင်​​တောင်​မကိုင်​ကြည့်​ဖြစ်​။

" ​တွေ့ပြီ ​တွေ့ပြီ ​ရော့ "

အကုန်​​လျှောက်​​မွှေပြီးမှ ပါဆယ်​ထုတ်​က ​တွေ့လို့
မြန်​မြန်​​ပေးလိုက်​ရသည်​။

ဖွထားတာ​တွေကိုပြန်​ရှင်းပြီး ဗီဒို​တွေပြန်​ပိတ်​​နေရင်း

ဘုတ်​.....

စာအိတ်​တစ်​အိတ်​က ပြုတ်​ကျသွားလို့ ပြန်​​ကောက်
တော့ ဓာတ်​ပုံတစ်​ချို့ထွက်​ကျလာသည်​။

" ဟင်​! ဦး...ဦး​လေး "

ကြမ်းပြင်​​ပေါ်မှာ ပြန့်​ကျဲ​နေတဲ့ဓာတ်​ပုံ​တွေမှာ
ဦး​လေးက တစ်​ကိုယ်​လုံးမြင်​မ​ကောင်း​အောင်
ဒဏ်​ရာဒဏ်​ချက်​​တွေနဲ့။

ဝမ်​ရိ​ပေါ်​ပြော​တော့ သူတို့ဂျပန်​သွားရင်း
နေမ​ကောင်းလို့​ဆေးရုံတက်​​နေရတဲ့ဦး​လေးကို
တွေ့လို့ ကူညီ​ပေးခဲ့တာ တဲ့။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

မျက်​နှာကြီးစူပုပ်​ပုပ်​နဲ့လိုက်​လာတဲ့ ကျန်းချန်​ကို
အိမ်​မှာ ညစာလိုက်​စားဖို့
မနည်း​ချော့​မော့ပြီး ​ခေါ်လာရတာ။
ကျင်းရီက​တော့ ခရီးသွား​နေရလို့။

ရိ​ပေါ်က  ချစ်​ရတဲ့သူနဲ့ ချစ်​ရတဲ့သူငယ်​ချင်း​​တွေကို
အဆင်​​ပြေ​စေချင်​သည်​။ ခဏခဏ ကြားထဲက
ညှိပြီး​တွေ့​ပေးရင်​ အဆင်​​ပြေသွားနိုင်​မလားလို့။

ရှောင်းကျန့်​က အကျင့်​ကဘယ်​လိုပဲဖြစ်​ဖြစ်
ရုပ်​​လေးက​တော့ ကြည့်​​လေချစ်​စရာ​ကောင်း​လေ
မဟုတ်​လား။

ရောက်​လာ​တော့ ညစာက ပြင်​ဆင်​ထားပြီးသား
အသင့်​။ သုံး​ယောက်​အတူတူထိုင်​ပြီး စား​နေ​ပေမယ့်
အ​ခြေအ​နေက ​အေးစက်​စက်​။

The Love from Windward (Completed)Where stories live. Discover now