(21)

15.7K 1.2K 13
                                    


" မနက်​ဖြန်​ကျရင်​ ကိုယ်​အလုပ်​ကိစ္စနဲ့
ခရီးသွားစရာရှိတယ်​ "

ရှောင်းကျန့်​က စိတ်​မဝင်​စားဘူးဆိုတဲ့ပုံနဲ့။
သွား​ပေါ့။ ဝမ်း​တောင်​သာ​သေး။
ကြာကြာသွား​လေ​ကောင်း​လေ...။

" အဲ့ဒါ...မင်းလိုက်​ခဲ့ရမယ်​ "

" မ...လိုက်...... "

" မင်းတို့ အရင်​က ​နေခဲ့တဲ့ Resort ဘက်​ကို
သွားမှာ ပြင်​ထားလိုက်​ "

ရှောင်းကျန့်​မျက်​လုံး​တွေ အ​ရောင်​လက်​သွားသည်​။
ဦး​လေးကို ရှာရမယ်​ မဟုတ်​လား။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" ဟဲ့..ဟိုမှာ ​ရှောင်းကျန့်​ မဟုတ်​လား
အမ​လေး...လက်​​ကြောမတင်းတဲ့
လတ်​လျားလတ်​လျား​ကောင်​​လေးက
လင်​​ကောင်းသား​ကောင်းရလို့ "

" အလကားပါ​အေ အရင်​ကတည်းက
ရုပ်​က​လေးဗန်းပြပြီး ချူ စား​နေတာများ
ခုလည်းဘယ်​လိုမြှူ ဆွယ်​လိုက်​လဲမှ မသိတာ "

ရှောင်းကျန့်​သတင်း​တွေက​တော့ ​မွှေးသည်​။

အ​ဆောက်​အဦးက မှန်​​တွေနဲ့ပဲမို့
အပြင်​ကို အတိုင်းသားမြင်​ရ​တော့
မြက်​ခင်းကျယ်​ထဲမှာရှိ​နေတဲ့ ​ရှောင်းကျန့်​ကို
လှမ်းကြည့်​ရင်း အတင်း​ပြော​နေကြတာ။
ဘေးနားက ဝမ်​ရိ​ပေါ်ကို​တော့ သိပုံမရ။

" ​ယောကျာင်္းက အရမ်းချမ်းသာတာဆိုပဲ
ထိပ်​​ပြောင်​ဗိုက်​ရွှဲ အဖိုးကြီးပဲ ​နေမှာ​ပေါ့ "

" ဟုတ်​မှာ​ပေါ့ အဲ့ဒါ​ကြောင့်​ ကြည့်​ပါလား
သက်​​တော်​​စောင့်​လူ​တွေ မနည်းမ​နောနဲ့
ရှောင်းကျန့်​လိုလူမျိုးကို မယုံလို့​နေမှာ​ပေါ့ "

ဒါ​တော့ဟုတ်​တယ်​။
ဒီကိုလာဖို့ ​ခေါ်လာတာ
Bodyguard ချည်းပဲ ကား၂ စီး။
ရှောင်းကျန့်​ဟာ ယုံပြီးလွှတ်​ထားလို့ရတဲ့အစားထဲ
မပါတာ အကြိမ်​ကြိမ်​ သင်​ခန်းစာ ရပြီးသား။

" နင်​တို့လည်း သူများအတင်း​ပြောဖို့ပဲ
ကိုယ့်​အလုပ်​ကိုယ်​မလုပ်​ဘူး "

နောက်​မှ​ရောက်​လာတဲ့ အဘကြီးတစ်​​ယောက်​က
ဆူလိုက်​​တော့ အတင်း​ပြော​နေတဲ့ ၂ ​ယောက်​သား
ကုပ်​ပြီး ထွက်​သွားကြသည်​။

The Love from Windward (Completed)Where stories live. Discover now