(5)

14K 1.2K 1
                                    


ရက်​မှလ သို့ ကူး​ပြောင်းခဲ့​လေပြီ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဒီ​နေ့..Company မှာ အလုပ်​ရှုပ်​​နေ၍
ဝမ်​ရိ​ပေါ်..အိမ်​ပြန်​​နောက်​ကျသည်​။

ကား​ပေါ်မှဆင်းကာ..အိမ်​ထဲ ဝင်​လာရင်း

" ​ရှောင်းကျန့်​ ပြန်​လာပြီလား "

" မလာ​သေးပါဘူး "

ရိ​ပေါ် အ​ပေါ်တက်​သွားပြီးမှ
ဖြေလိုက်​တဲ့တစ်​​ယောက်​က..မဲ့လိုက်​ပြီး..

" ဘယ်​တုန်းက ဒီအချိန်​ပြန်​​ရောက်​ဖူးလို့လဲ "

ရောက်​​ရောက်​ချင်း ၁ ပါတ်​​လောက်​ပဲ ငြိမ်​ပြီး
နောက်​ပိုင်း...
ရှောင်းကျန့်​ အိမ်​ကပ်​တာက ခပ်​ရှားရှား။

တကယ်​တမ်း​ပြောရရင်
ဒီ ၆ လ လုံးလုံး....ဝမ်သခင်​​လေး...
ရှောင်းကျန့်​နဲ့ မျက်​နှာချင်းဆိုင်​ ​တွေ့ရတာ
မရှိသ​လောက်​ပင်​။

ညဆို ​နောက်​ကျမှ ပြန်​ပြန်​လာသလို
မနက်​ကျ​တော့လည်း ရိ​ပေါ်အလုပ်​သွားတဲ့အချိန်
ရှောင်းကျန့်​ ဘယ်​​တော့မှ အိပ်​ရာက မနိုး​သေး။

အိမ်​​တော်​ထိန်းက..မ​နေနိုင်​ဘဲ
ရှောင်းကျန့်​ကို ဒီတိုင်းမထားဖို့..နည်းနည်းထိန်းဖို့
ပြောတဲ့အခါ​တွေမှာလည်း
ဝမ်​ရိ​ပေါ်က..ခပ်​ပြုံးပြုံးနဲ့
အမြဲတမ်း..တုံ့ပြန်​တဲ့စကားက..တစ်​မျိုးတည်း။

" ထားလိုက်​ပါ...သူ​ပျော်​သလို ​နေပါ​စေ "

ညဉ့်​နက်​မှ ပြန်​လာတဲ့ ​ရှောင်းကျန့်​ကို
အိပ်​​ပျော်​​နေတဲ့ အချိန်​ကျမှ
ဝမ်​ရိ​ပေါ် တစ်​ခါတစ်​​လေ
သွားကြည့်​တတ်​တာကို​တော့ ဘယ်​သူမှမသိကြ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

Night club တစ်​ခုရဲ့ ညက..ခါတိုင်းလိုပါပဲ။
မီး​ရောင်​စုံ​တွေကြားထဲ
သီချင်းသံနဲ့..စည်းချက်​ညီညီက ​နေတဲ့သူ​တွေ
ရီ​ဝေယစ်​မူး ​နေတဲ့သူ​တွေနဲ့။

" ညီ.....လာ​လေ...သွားက ရ​အောင်​ "

ထိုင်​​နေတဲ့ ​ရှောင်းကျန့်​နားကို ကပ်လာသူက
အခုတ​လော..နာမည်​ကြီး​နေတဲ့မင်းသား ၁ ​ယောက်

The Love from Windward (Completed)Where stories live. Discover now