" မင်းကို အဲ့ဒါကြောင့် ဒီနေ့အလုပ်မသွားပါနဲ့လို့ပြော
နေတာကို ခုတော့ဖျားနေပြီမလား "ကျန်းချန်က ပွစိပွစိတွေပြောပြီး အိမ်ပြန်လိုက်ပို့ပေးသည်။ ကျန်းချန်ကြိုဖုန်းဆက်ထားလို့ ခြံထဲကားဝင်
လာတာနဲ့ အိမ်ဝန်ထမ်းတွေက ပြာပြာသလဲလာကြို
နေကြသည်။" သခင်လေး အိတ်ပေးလေ လက်နာနေတာကို "
" သခင်လေး ကျွန်တော်ကုန်းပိုးမယ် လာ "တစ်ယောက်တစ်ပေါက်နဲ့ စိတ်ပူပြီးဝိုင်းအုံနေတဲ့
လူတွေကို ပြုံးပြကာ ရိပေါ်မျက်စိက
အိမ်တံခါးထောင့်နားမှာ ခပ်ကုပ်ကုပ်လေးရပ်နေတဲ့
ရှောင်းကျန့်ဆီရောက်သွားပြီး
အနားကို လျှောက်သွားလိုက်သည်။လှမ်းကြည့်နေတဲ့ရှောင်းကျန့်က
ကျန်းချန်ကို မြင်တော့ ခေါင်းငုံ့သွားသည်။" ဟိုကောင် ဘာရပ်လုပ်နေတာလဲ
ဖိနပ်ကူချွတ်ပေးလိုက်
ရိပေါ်က မင်းကျေးဇူးနဲ့ နေမကောင်းဖြစ်နေတာ "" ဟာ...ကျန်းချန်..ဘယ်လိုဖြစ်နေ......"
ပြောနေရင်းနဲ့ပဲ ရှောင်းကျန့်က ဆောင့်ဆောင့်လေးထိုင်ချလိုက်ပြီး ရိပေါ်ဖိနပ်ကို ကိုင်ပြီးချွတ်ပေးလိုက်သည်။
" မလုပ်ပါနဲ့ဆိုမှကွာ "
အိမ်အကူတွေကတော့ ဟန်ဆောင်နေတာလို့
မကြားအောင်အတင်းပြောတယ်။" သခင်လေး... ဒေါက်တာကျင်းရီက ခရီးသွားနေတာဆိုတော့ တခြားဆရာဝန်ပင့်လိုက်ရမလား "
" မလိုဘူး ဆန်ပြုတ်လေးသောက်ပြီး
အခုပဲဆေးသောက်ပြီးအိပ်လိုက်တော့မယ်
နားကြတော့ "အပြင်လူ အိမ်ခေါ်တာသိပ်မကြိုက်တဲ့ သခင်လေးအကြောင်းသိလို့ ထပ်တော့မပြောတော့။
" တစ်ခုခုလိုရင် ချက်ချင်းခေါ်လိုက်နော် သခင်လေး "