(18)

14.8K 1.2K 18
                                    


၃ လ ဆိုတဲ့ အချိန်​အတိုင်းအတာ အတွင်းမှာ
ရှောင်းကျန့်​လည်း ​နေသားတကျ ဖြစ်​​နေ​လောက်​ပြီလို့ ဝမ်​ရိ​ပေါ်က ​မျှော်​လင့်​တယ်​။

" ကိုယ်​တို့ အဆင်​​ပြေ​ပြေ ​နေကြရ​အောင်
မင်းလိုအပ်​တာ​တွေ အကုန်​ဖြည့်​ဆည်း​ပေးမယ်​..
မင်း မကြိုက်​တာ​တွေကို..​ရှောင်​​ပေးမယ်
ညှိနှိုင်းပြီး အဆင်​​ပြေ​​ပြေ ​နေကြရ​အောင်​ ...

ကိုယ်​တို့ မျိုးရိုးမှာ ထူ​ထောင်​ပြီးတဲ့ အိမ်​​ထောင်​ကို
မဖျက်​ရဘူးဆိုတဲ့ စည်းကမ်းရှိတယ်​...
ကိုယ့်​ဘက်​က..အိမ်​​ထောင်​တစ်​ခုကို
တည်​မြဲချင်​တယ်​...
မင်းဘက်​ကလည်း အဆင်​​ပြေ​အောင်
ကြိုးစား​ပေးလို့ ရမလား "

ဝမ်​ရိ​ပေါ် ​လေ​ပြေထိုး​​ပြော​နေတာ​တွေကို နား​ထောင်
နေရင်း မ​နေ့ကအဖြစ်​ကို ​ရှောင်းကျန့်​​တွေး​နေမိသည်

" သခင်​​လေးကလည်း..ဘာလို့..အဲ့ဒီ့ ​ရှောင်​ထန်းဆိုတဲ့​ကောင်​ကို..ပိုက်​ဆံ​တွေ​​ပေးလိုက်​​လဲမသိဘူး
ဒီတိုင်း..ပညာ​ပေးလိုက်​ပြီးရင်​ ရပြီဟာကို "

"ခုလည်း ဒီ​ကောင်​အ​တော်​ကွဲပြဲအထိနာသွားတာပဲအကို​လေး​ရှောင်းကျန့်​ အနားကို ​နောက်​မကပ်​​တော့ပါဘူးဆိုတဲ့ ကတိ​လည်း ရလိုက်​တာပဲ​လေ "

သစ်​ပင်​အကွယ်​က​နေ
bodyguard ၂ ​ယောက်​​ပြော​နေတဲ့စကားကို ကြားသွားတဲ့​ ​ရှောင်းကျန့်​စိတ်​က မ​နေ့ကတည်းက
မနည်း ငြိမ်​​အောင်​ထိန်းထားရတာ။

" ကျွန်​​တော်​ကြိုးစားပါ့မယ်​ "

ဝမ်​ရိ​ပေါ်က သူ​တော်​​ကောင်း​ယောင်​​ဆောင်​​​နေတာ။
အချိုသတ်​ထားမှ ဖြစ်​မယ်​။

" မင်းကို..ကိုယ်​ယုံ​ပေးမယ်​..
တင်းကျပ်​တာ​တွေကို ​လျှော့​ပေးမယ်
ယုံကြည်​မှုကို..အလွဲသုံးစားလုပ်​ရင်​​တော့....
..... မင်းနားလည်​မယ်​ထင်​တယ်​...."

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

တကယ်​ပဲ စည်းကမ်းတင်းကျပ်​တာမျိုး​တွေ မရှိ​တော့။
ဖုန်းကိုလည်း..ပြန်​​ပေးပြီး
လွတ်​လွတ်​လပ်​လပ်​​နေခွင့်​​ပေးသည်​။
Bodyguard ​တွေကိုလည်း ခပ်​​ဝေး​ဝေးကသာ
မသိမသာပဲ ​စောင့်​ကြည့်​ခိုင်း​တော့သည်​။
စိတ်​အ​နှောင့်​အယှက်​ မဖြစ်​​စေရ။

The Love from Windward (Completed)Where stories live. Discover now