(10)

14K 1.2K 29
                                    


" လွှတ်​စမ်း....ငါ့ကိုလွှတ်​ "

bodyguard ​တွေက
ရုန်းကန်​ပြီး ပါလာတဲ့ ​ရှောင်းကျန့်​ကို
သူ့အခန်းထဲထိ ထည့်​ထားခဲ့ပြီး
အခန်းတံခါးကို ပြန်​ပိတ်​​ပေးကာ
ထွက်​သွားကြသည်​။

ရှောင်းကျန့်​အခန်းထဲက ပြူ တင်း​ပေါက်​မှာ​တော့
ကျောခိုင်းပြီး ရပ်​​နေတဲ့ ဝမ်​ရိ​ပေါ်။

" ဘယ်​လိုလုပ်​လိုက်​တာလဲ...ခင်​ဗျားလူ​တွေက "

ဖြောင်း........

ဝမ်​ရိ​ပေါ်ရဲ့ လက်​ပြန်​ရိုက်​ချက်​​ကြောင့်
ကြမ်းပြင်​​ပေါ်... ​ခွေကနဲ လဲကျသွားတဲ့ .​ရှောင်းကျန့်​..

" ခင်​ဗျား.....ခင်​ဗျား..ဘယ်​လို..လုပ်​.."

ကုန်းရုန်းပြန်​ထကာ...ဗလုံးဗ​ထွေးနဲ့
စကား​တောင်​ မဆုံး​သေး...

ဖြောင်း.......

ရှောင်းကျန့်​မျက်​နှာ​ပေါ်
နောက်​ထပ်​ ကျ​ရောက်​လာတဲ့
ရိုက်​ချက်​ကလည်း အားပြင်းလှ၍
ပုံလျက်​သား လဲကျသွားပြန်​သည်​။

နှုတ်​ခမ်း​ထောင့်​က...စီးကျလာတဲ့​သွေးကို
လက်​ဖမိုးနဲ့ သုတ်​ရင်း
အံ့သြထိတ်​လန့်​စွာ မျက်​လုံးဝိုင်း​တွေနဲ့
ဝမ်​ရိ​ပေါ်ကို ​မော့ကြည့်​လိုက်​သည်​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

လျှော်​စရာအဝတ်​​တွေယူဖို့လာတဲ့ အိမ်​အကူမှာ
အထဲမှ အသံ​တွေ​ကြောင့်​..အခန်း​ရှေ့က​နေ
ခပ်​မြန်​မြန်​ပင်​ ပြန်​လှည့်​သွားလိုက်​သည်​။

လှေကားက​နေတက်​လာတဲ့ ​နောက်​တစ်​​ယောက်​ကို
မလာဖို့တားလိုက်​ရင်း  အခန်းထဲကို ထိုးပြပြီး
ရိုက်​​နေတဲ့ပုံစံ လုပ်​ပြလိုက်​သည်​။

အိမ်​အကူ၂ ​ယောက်​သား
အသံမမြည်​​အောင်​ လက်​ခုပ်​တီးကာ
အားရစွာနဲ့  ​အောက်​ထပ်​ပြန်​ဆင်းသွားကြသည်​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" လူကိုမုန်း​နေရင်​လည်း  ဒီလို နှိပ်​စက်​​မယ့်​အစား
ကွာရှင်း ​ပေး....အား....."

The Love from Windward (Completed)Where stories live. Discover now