(33)

18.8K 1.3K 53
                                    


" ဒီလိုမဟုတ်​ဘူး အစ်​ကို​လေးရဲ့ ဒီလို​လေးပတ်
ဒါ​လေးနဲ့​ကော်​ပြီး ဆွဲထုတ်​ "

ဧည့်​ခန်းထဲမှာ သိုး​မွေးထိုးတာသင်​​နေကြတဲ့
အ​ဒေါ်ကြီးနဲ့ ​ရှောင်းကျန့်​ကိုကြည့်​ပြီး
ဝမ်​ရိ​ပေါ်က ခပ်​ပြုံးပြုံး။

အ​ဒေါ်ကြီးက က​လေးအတွက်​ ထိုး​ပေး​နေတာကို
ရှောင်းကျန့်​က သူကိုယ်​တိုင်​လုပ်​​ပေးချင်​လို့ဆိုပြီး
သင်​​နေတာ။

" ဒီလို​မလား အဟားဟား....ရပြီ...ရသွားပြီ...
ဟုတ်​တယ်​မလား "

တော်​​သေးတယ်​။ ​ရှောင်းကျန့်​က တဖြည်းဖြည်း
လန်းလန်းဆန်းဆန်းနဲ့ ​ပျော်​လာတဲ့ပုံ​ပေါ်တာမို့။

" ကဲ...​အစ်​ကို​လေးဘာသာ ဆက်​ထိုး​နေဦး​နော်
ဒေါ်ကြီး အဝတ်​​တွေမီးပူသွားတိုက်​လိုက်​ဦးမယ်
သြော်​......ဆရာကျန်းချန်​ လာလည်​တာလား "

ကိုယ့်​အာရုံနဲ့ကိုယ်​မို့ ကျန်းချန်​ကားဝင်​လာတဲ့
အသံကို​တောင်​ သတိမထားမိလိုက်​ကြ။
ကျန်းချန်​တို့ ကျင်းရီတို့က​တော့ ဒီအိမ်​ကို
တံခါးမရှိ ဓားမရှိ ဝင်​ထွက်​​နေကျ ။

ကျန်းချန်​ဧည့်​ခန်းထဲ ဝင်​လာလာချင်းပဲ
ခြံလုံခြုံ​ရေးက သတင်းပို့သည်​။

" သခင်​​လေး...company က အတွင်း​ရေးမှုးက
အ​ရေးကြီး​နေလို့ အထဲမဝင်​​တော့ဘူးတဲ့ ခြံ​ရှေ့မှာ "

" ​အေး...​အေး...လာမယ်​ ကျန်းချန်​ ထိုင်​ဦး
ရှောင်းကျန့်​နဲ့ စကား​ပြော​နေ "

ဧည့်​ခန်းထဲမှာ ၂ ​ယောက်​တည်းကျန်​ခဲ့​တော့...
ရှောင်းကျန့်​က သိုး​မွေးချည်​လုံး​တွေကို
အ​ကြောင်းမဲ့ ဆုပ်​ပြီးကိုင်​​​နေတယ်​။

ကျန်းချန်​က​ ​ရှောင်းကျန့်​ဗိုက်​ကို မသိမသာ
ခိုးခိုးပြီးကြည့်​​နေရင်း...

" အဟမ်း.....မင်း...ဗိုက်​ကို ဂရုစိုက်​ "

ရှောင်းကျန့်​က ​မော့ကြည့်​ပြီး ဘာမှ​တော့ပြန်​မ​ပြော။

" ဗိုက်​ထဲက က​လေးကို
တစ်​ခုခုထိခိုက်​​အောင်​လုပ်​ဖို့ မစဉ်းစားနဲ့
မင်းလို​ကောင်​က ​ပြောလို့ရတာမဟုတ်​ဘူး
ဒီက​လေးကိုသာ  ရ​အောင်​​ကောင်း​ကောင်း​မွေး
မင်းက ဘာမှအသုံးမကျရင်​​တောင်
ဒီက​လေးကိုမှီပြီး မင်းတစ်​ဘဝလုံး​ကောင်းစားမှာ
နားလည်​ရဲ့လား "

The Love from Windward (Completed)Where stories live. Discover now