(2)

18.9K 1.5K 3
                                    

Resort တစ်​ခုလုံး
ပြာယာခတ်​​နေကြရသည်​။

VIP ဧည့်​သည်​..ဝမ်​ရိ​ပေါ်..​ပျောက်​​နေ၍။

တစ်​ဝန်းလုံးမှာ..​ဒေါင်း​တောက်​​အောင်​ရှာ​နေကြရင်း

" ဒါ..ဥက္ကဋ္ဌဝမ်​ phone မလား
ညက..ဆက်​​နေတာ​တွေ့တယ်​ "

မိုး​ရေ​တွေ..စို​နေ​သေးတဲ့ Phone ​လေးက
မြေကြီး​ပေါ်မှာ။

အနီးနားမှာ..​အော်​​ခေါ်ကြည့်​​တော့လည်း မထူးခြား။
Resort သူ​ဋ္ဌေးကိုယ်​တိုင်​..လိုက်​လာပြီး
ဆက်​ရှာကြသည်​။

" သူ​ဋ္ဌေး..ဟိုနားက..အိမ်​ကို..သွားကြည့်​ရင်​​ကောင်း
မယ်​ထင်​တယ်​..အ​တော်​ပဲ..ဟိုမှာ ​ပိုင်​ရှင်​ပြန်​လာပြီ "

ပြန်​လာသည့်​..အိမ်​ပိုင်​ရှင်​က..

" အိမ်​မှာ..ညက..လူ​တောင်​မရှိဘူး
ကျွန်​​တော်​က..ညဂျူ တီ
တူ​လေးကလည်း. မြို့ထဲသွားတယ်​ "

အားလုံးက..မယုံသင်္ကာနဲ့..တံခါးဖွင့်​ကာ
ဝင်​ကြည့်​လိုက်​ကြ​တော့..

" ဥက္ကဋ္ဌ..ဥက္ကဋ္ဌဝမ်​....ဒါ.....ဒါက..ဘယ်​လို.."

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဆူဆူညံညံအသံ​တွေ​ကြောင့်
ခေါင်းက..ထိုးကိုက်​​နေတဲ့ကြားက
ဝမ်​ရိ​ပေါ် အားယူပြီးမျက်​လုံးဖွင့်​လိုက်​​တော့
မျက်​လုံး​တွေပြူးကာ..ပါးစပ်​အ​ဟောင်းသားနဲ့
ဝိုင်းကြည့်​​နေကြတဲ့ လူ​တွေ။

သတိဝင်​လာပြီး
အဝတ်​အစားမရှိတဲ့ကိုယ်​​ပေါ်..တစ်​ဝက်​တစ်​ပျက်
ခြုံ ထားတဲ့..​စောင်​​လေးကို ဆွဲလိုက်​​တော့

အင့်​ ကနဲ..အသံနှင့်​အတူ
ဘေးမှာ..​​ကောင်​​လေးတစ်​​ယောက်​။
ဘောင်းဘီတို​လေး ၁ ထည်​က လွဲပီး ဘာမှမရှိ။

" ​တောက်​! အားကျန့်​....​ဟေ့​ကောင်
  အားကျန့်​.....ထစမ်း...အားကျန့်​ "

လူအုပ်​ထဲက..၁ ​ယောက်​က..​ဒေါသတကြီး​​အော်​မှ....လန့်​နိုးသွားပြီး..ကုန်းရုန်းထတဲ့ ​ကောင်​​လေး။

" အား.....အား....ခါး......"

ခါးကို ကိုင်​ကာ..ပြန်​လဲကျသွားပြီး
မော့ကြည့်​လိုက်​တဲ့ မျက်​နှာမှာလည်း
နှုတ်​ခမ်း​ထောင့်​​လေးက..​ပေါက်​​​နေတဲ့ ဒဏ်​ရာနဲ့။

The Love from Windward (Completed)Where stories live. Discover now